Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 6, 2014

မြန်မာသင်တန်းသားလုပ်သားများအား နိုင်ငံရေးခိုလှုံခွင့်မပေးရန် ဂျပန်လ၀ကသို့ ပြောကြား

ဂျပန်နိုင်ငံသို့ သင်တန်း သားလုပ်သားဖြင့်သွားရောက် လုပ်ကိုင်သော မြန်မာလုပ်သား များကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့် မပြုရန် မြန်မာအေဂျင်စီအသင်း ချုပ်က ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ် ရေးဌာနသို့ တောင်းဆိုထား ကြောင်း ပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်မှစ၍ ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမား သွားရောက်မှုကို ထပ်မံစေလွှတ် ခွင့်ပြုပြီးနောက် နှစ်နိုင်ငံသဘော တူစာချုပ်လက်မှတ်ရေးထိုးကာ လုပ်သားများစေလွှတ်လျက်ရှိ သည်။ ယင်းကဲ့သို့ စေလွှတ်လျက် ရှိသည့်အနက် အလုပ်သမား ၃၅ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းခွင်မှ ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းကာ ဒုက္ခသည်အဖြစ် နေ ထိုင်မှုများရှိနေသည်။

‘‘ဟိုမှာ ဒုက္ခသည်ခိုလှုံမယ် ဆိုရင် နေထိုင်ခွင့်မကျသေးခင် တရားဝင်အလုပ်လုပ်နေခွင့်ရှိ တယ်။ အဲဒါ ဒီကနေ သင်တန်း သားလုပ်သားနဲ့ သွားတဲ့သူတွေ ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ရ အောင်လျှောက်ကြတယ်။ အဲဒါကို လက်မခံဖို့ငါတို့အဖွဲ့က ဂျပန် လ၀ကညွှန်မှူးကို ပြောတယ်။ သူတို့က လာမယ့် ၂၀၁၅မှာလွှတ် တော်ထဲတင်ပြမယ်။ သူတို့ဆီက ၀န်ကြီးတွေက လွှတ်တော်ထဲတင် ပြပြီး မဲခွဲဆုံးဖြတ်မှာပေါ့’’ဟု ဦး ကျော်ထင်ကျော်ကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဂျပန်မှ အလုပ်သမားကမ်းလှမ်းခြင်းထပ် မံထိခိုက်မည်စိုးသောကြောင့် မြန်မာအလုပ်သမားဝန်ကြီးဌာန က အေဂျင်စီအသင်းချုပ်ကို ကြီးကြပ် ရန်ညွှန်ကြားထားသည်။ ထို့ ကြောင့် မြန်မာအေဂျင်စီအသင်း ချုပ်က ဂျပန်နိုင်ငံရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Japan Myanmar Association (JMA)နှင့် နိုဝင်ဘာ ၂၇ရက်က နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့သည်။

ယင်းအဖွဲ့သည် ဂျပန်နိုင်ငံ အတွင်း တရားဝင်လာရောက် လုပ်ကိုင်သော မြန်မာအလုပ်သ မားများ အကာအကွယ်ရရှိရန်နှင့် အခက်အခဲရှိပါက ကူညီဆောင် ရွက်ပေးမည်ဟုသိရသည်။ထို့အ ပြင် ယခင်က ဂျပန်နိုင်ငံသို့ သွား ရောက်လုပ်ကိုင်သော မြန်မာအ လုပ်သမားအများစုသည် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားပြီး လုပ် ငန်းခွင်ထက်လစာပိုများသော ပြင်ပအလုပ်နေရာများသို့ ပြောင်း ရွှေ့လုပ်ကိုင်ခြင်းကြောင့် ယခင် အစိုးရလက်ထက်တွင် လုပ်သား စေလွှတ်မှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ် သည်။

‘‘ဂျပန်က မြန်မာတွေလုပ် သားခေါ်ယူမယ့်အပိုင်းမှာ ထိခိုက် နိုင်တယ်။ အဲဒီလို တရားမ၀င် ထွက်ပြေးတဲ့သူတွေကို ဂျပန်အစိုး ရက ရာခိုင်နှုန်းသတ်မှတ်ချက် တွေရှိတယ်။ အဲဒီကုမ္ပဏီတွေကို လည်း ဂျပန်လ၀က က အမည်ပျက် စာရင်းအသွင်းခံရတယ်။ အလုပ် ရှင်တွေအတွက်လည်း ထိခိုက် တယ်’’ဟု ဂျပန်သို့ မြန်မာလုပ်သားများစေလွှတ်မှု ၁၀နှစ်ကျော် အတွေ့အကြုံရှိသည့် ပန်ဒါပါဝါ အေဂျင်စီ မန်နေဂျင်းဒါရိုက်တာ ဦးတင်မြင့်ကပြောသည်။

 http://www.searchmyanmar.com/click/search#content-44309

No comments:

Post a Comment