လက်ပံတောင်းတောင် ကြေနီစီမံကိန်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) သုံးရက်ကြာပြုလုပ်မယ့် အနက်ရောင် လှုပ်ရှားမှုကို ဒီကနေ့မှာ စတင်လိုက်ပါပြီ။
ဗကသကျောင်းသား ကျောင်းသား ငါးဆယ်ဝန်းကျင်ဟာ ဒီကနေ့ ညနေပိုင်းမှာ ဖယောင်းတိုင်တွေကို ကိုင်ဆောင်ပြီး မဟာဗန္ဓုလ ပန်းခြံထဲကနေ မြို့တော်ခန်းမရှေ့ကို လမ်းလျှောက်ခဲ့ကြပါတယ်။
လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးနဲ့ လက်ရှိအစိုးရကိုလည်း အယုံအကြည်မရှိဘူးဆိုပြီး ကျောင်းသားတွေက ကြွေးကြော်ခဲ့ကြပါတယ်။
Black Campaign ကို ဒီကနေ့ကနေ ဒီဇင်ဘာလ ၂၅ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဗကသ ကျောင်းသားတွေက အဲဒီလှုပ်ရှားမှုကို လုပ်ဆောင်မှာလို့ ဗကသရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကိုကိုက ပြောပါတယ်။
ဗကသကျောင်းသားတွေဟာ လက်ပံတောင်းဒေသကို သွားရောက်ပြီးတော့ လူမှုရေးလုပ်ငန်းတွေနဲ့ တခြား လိုအပ်တာတွေကို အကူအညီပေးသွားမယ် လို့လည်း သူက ဆိုပါတယ်။ မိကျောင်းကန် သပိတ်နဲ့ ပတ်သက်ပြီး အစိုးရက အကြမ်းဖက် ဖြိုခွဲတယ်ဆိုပြီးလည်း ကျောင်းသားတွေက ကန့်ကွက်ခဲ့ကြပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)မှာ ခရိုင်အဆင့် အဖွဲ့ ၂၆ဖွဲ့ရှိပြီးတော့ အဖွဲ့ဝင် ကျောင်းသား ၂၀၀၀ ကျော်ရှိတယ်လို့ ဗကသအဖွဲ့ချုပ် ဆီကနေသိရှိရပါတယ်။
The Voice Weekly

No comments:
Post a Comment