Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 19, 2014

သေဒဏ်ချမှတ်နိုင်သည့် အထူးဥပဒေ လာမည့်လွှတ်တော်သို့ တင်သွင်းမည်

ရန်ကုန် (မဇ္ဈိမ)။ ။ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များကို လိင်မှုဆိုင်ရာကျူးလွန်ပါက သေဒဏ်ချမှတ်နိုင်သည့် အထူး ဥပဒေကိုရေးဆွဲပြီး ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော်တွင် တင်သွင်းသွားမည်ဟု အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
အဆိုပါ အထူးဥပဒေမှာ၂၀၁၅ ခုနှစ် ကလေးသူငယ်များကို လိင်မှုဆိုင်ရာစော်ကား ညှဉ်းပန်းခြင်းမှ ကာကွယ်သည့် အထူးဥပဒေ တစ်ရပ်အဖြစ် တင်သွင်းခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၁၉ ရက်က သင်္ဃန်းကျွန်း မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ လွှတ်တော်အတွင်း အတွေ့အကြုံများရှင်းလင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တစ်လကြိုတင်ပေးပို့ ခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂတွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူ စာချုပ်အပေါ်တွင် အခြေခံထားကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၂ အပေါ်တွင် ကလေးသူငယ်များကို စောင့်ရှောက်ရန် အပိုဒ်ကို အခြေခံ ပြီး အထူးဥပဒေရေးစွဲကာ လွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။
“သေဒဏ်မှ တစ်ပါးအခြားနည်းနဲ့ ကုစားလို့မရဘူးလို့ ယုံကြည်တယ်။ အခုက တည်ဆဲဥပဒေမှာ ဝင်ပြင်တာ မဟုတ်ဘူး။ အထူးဥပဒေ တစ်ရပ်ရေးစွဲပြီး တတိယအကြိမ် ကြိုးစားတာ” ဟု ဦးသိန်းညွန့်က ပြောသည်။
ယခင် ကလေးသူငယ်များကို လိင်မှုဆိုင်ရာ စော်ကားခံရခြင်းနှင့် ပတ်သက်ပြီး ပထမတစ်ကြိမ်တွင် ပြစ်မှု ဆိုင်ရာ ဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက် ပုဒ်မ ၃၇၆ ကို ပြင်ဆင်ပြီးနှစ်ကြိမ်တင်းသွင်းပြီး ကြိုးစားခဲ့သော် လည်း လွှတ်တော်တွင် အောင်မြင်မှု မရခဲ့ပေ။
ဦးသိန်းညွန့်က “ ၁၂ ကြိမ်မြောက်လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ပါတီတွေ ဘယ်လိုသဘောထားမယ် ဆိုတာအကဲဖြတ်နိုင်မယ်” ဟု ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် နေထိုင်သူ ဒေါ်မေစုစုလှိုင်က “အဖေအရင်းကနေပြီး သားသမီးတွေကို မုဒိမ်းမှု ကျူးလွန်တာ သေဒဏ်ပေးသင့်တယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်တဲ့အတွက် သေဒဏ်ပေးတဲ့ ဥပဒေအနေနဲ့မှလည်း အဖေတွေက ဆင်ခြင်လာမယ်” ဟု ပြောသည်။
အိန္ဒိယနိုင်ငံတွင် ကလေးသူငယ်များကို လိင်မှုဆိုင်ရာကျူးလွန်လျှင် သေဒဏ်ပေးသည့် ဥပဒေကို ဆိုင်းငံ့ထားသည့် ကာလတွင် မုဒိမ်းမှုများနှင့် လူသတ်မှုများ ကျူးလွန်မှုများလာသည့်အတွက် အိန္ဒိယတွင်သေဒဏ် ဆိုင်းငံ့ထားသည်ကို ပြန်ဖျက်ခဲ့ရသည်ဟု ဦးသိန်းညွန့်က ပြောသည်။
Mizzima

No comments:

Post a Comment