မန္တလေးမြို့
အတွင်း၌ စားသောက်ဆိုင် အမျိုးမျိုး၊ အကင်ဆိုင် နှင့် ၄င်းတို့နှင့်
ဆက်စပ်လျက် ရှိသော အဖျော် ယမကာဆိုင်၊ စင်တင်တေးဂီတ၊ KTV ၊ ကာရာအိုကေ နှင့်
Game ဆိုင်များအနက် အဖျော်ယမကာ ဆိုင်မှာ အရေအတွက် အများဆုံး ဖြစ်ကြောင်း
သိရသည်။
မြို့ပြဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှ လူနေမှုစရိုက်
များလည်း ကွဲပြားမှု ရှိလာရာတွင် မြို့တွင်း၌ နေ့ဆိုင်များ၊ ညဆိုင်များ
ပေါ်ပေါက်လာပြီး ယခုကာလတွင် ယဉ်ကျေးမှု နှင့် မကိုက်ညီသော ဆိုင်များလည်း
အများအပြား တိုးတက်လာ လျက်ရှိကြောင်း မှတ်တမ်းများ အရ သိရသည်။
မန္တလေးမြို့ အတွင်း၌ ယဉ်ကျေးမှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် မသက်ဆိုင်သော
အဖျော် ယမကာဆိုင် များမှာ အောင်မြေသာစံ မြို့နယ်တွင် ၃၉၇ ဆိုင်၊ စင်တင်
တေးဂီတ ခြောက်ဆိုင်၊ ကာရာအိုကေ ရှစ်ဆိုင်၊ ဂိမ်းဆိုင် ၂၄ ဆိုင်၊
ချမ်းအေးသာစံ မြို့နယ်တွင် အဖျော် ယမကာဆိုင် ၄၇ဝ ၊ စားသောက်ဆိုင် ၂ဝ၈ ဆိုင်
၊ စင်တင်တေးဂီတ ငါးဆိုင်၊ KTV ခြောက်ဆိုင်၊ ကာရာအိုကေ ၁ဝ ဆိုင်၊
ဂိမ်းဆိုင် ၆၁ ဆိုင်၊ မဟာအောင်မြေ မြို့နယ်တွင် အဖျော် ယမကာဆိုင် ၃၇၃
ဆိုင်၊ စားသောက်ဆိုင် ၁ဝ၅ ဆိုင်၊ စင်တင် တေးဂီတ သုံးခု ၊ KTV ၁၆ ခု၊
ကာရာအိုကေ ဆိုင် ၁၅ ဆိုင်၊ ဂိမ်းဆိုင် ၂၄ ဆိုင်၊ ချမ်းမြသာစည် မြို့နယ်တွင်
အဖျော်ယမကာ ဆိုင်ပေါင်း ၄၇ဝ၊ စားသောက်ဆိုင် ၁၃၂ ဆိုင်၊ စင်တင်တေးဂီတ
တစ်ဆိုင်၊ KTV လေးဆိုင်၊ ကာရာအိုကေ ခြောက်ဆိုင်၊ ဂိမ်းဆိုင် ၂၉ဆိုင်၊
ပြည်ကြီးတံခွန် မြို့နယ်တွင် အဖျော်ယမကာ ဆိုင် ၄ဝ၇ ဆိုင်၊ စားသောက်ဆိုင် ၅၈
ဆိုင်၊ ဂိမ်းဆိုင် လေးဆိုင်၊ အမရပူရ မြို့နယ်တွင် အဖျော် ယမကာဆိုင် ၃၄၈
ဆိုင်၊ စားသောက်ဆိုင် ၂၃ ဆိုင်နှင့် ဂိမ်းဆိုင် သုံးဆိုင်တို့ ရှိရာ အဖျော်
ယမကာဆိုင် စုစုပေါင်းမှာ ၂၄၆၅ ဆိုင် ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
စားသောက်ဆိုင် နှင့် အဖျော် ယမကာဆိုင် အရေအတွက် များပြား လာသည်နှင့် အမျှ
အရက်၊ ဘီယာ သောက်သုံးသူ လူငယ်၊ လူလတ်ပိုင်း အရွယ် အမျိုးသားများ၏ အရေအတွက်
ပိုမို များပြားလာပြီး စီးပွားရေးနှင့် စိတ်ဓာတ်ရေးရာ လူမှုရေး
ပိုင်းဆိုင်ရာများ ၌ နိမ့်ကျမှု ပမာဏလည်း မြင့်တက် လာနိုင်ကြောင်း
ပညာရှင်များ၏ သုံးသပ် ပြောကြားမှုများ အရ သိရသည်။ (၁၇၂)
#Yadanarpondaily
#ရတနာပုံနေ့စဉ်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 21, 2014
မန္တလေးမြို့၌ အဖျော်ယမကာဆိုင် အများဆုံးဖြစ်၍ ယဉ်ကျေးမှု ၊ လူမှုရေးပိုင်း၌ နိမ့်ကျမှုများ ဖြစ်ပေါ်လာနိုင်
မန္တလေးမြို့၌ အဖျော်ယမကာဆိုင် အများဆုံးဖြစ်၍ ယဉ်ကျေးမှု ၊ လူမှုရေးပိုင်း၌ နိမ့်ကျမှုများ ဖြစ်ပေါ်လာနိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 21, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 21, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment