Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 8, 2014

အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ် မြန်မာ့ချန်ပီယံ ထွန်းထွန်းမင်းကို အလဲထိုး အနိုင်ယူ


နိုင်ငံတကာ မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ တွေကို ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တာမှာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အမေရိကန် လက်ဝှေ့သမား ဆိုင်းရပ်က တတိယအချီမှာ အလဲထိုး အနိုင်ရ ပါတယ်။

ပြည်တွင်းစိန်ခေါ်ပွဲ ၅ ပွဲ နိုင်ငံတကာဖိတ်ခေါ်ပွဲ ၃ ပွဲ စုစုပေါင်း ၈ ပွဲကျင်းပတာမှာ မြန်မာလက်ဝှေ့သမားတွေ မျက်နှာပန်းမလှ ဖြစ်ခဲ့ပါတယ်။ မြန်မာလက်ဝှေ့သမား ကျားပေါက်ကို ထိုင်းလက်ဝှေ့သမား ရယ်ဒယ်က တတိယအချီမှာ အလဲထိုးအနိုင်ရပြီး မြန်မာလက်ဝှေ့သမား ထက်အောင်ဦးနဲ့ ထိုင်းလက်ဝှေ့သမား ဆောင်းထရမ်တို့ သရေကျပါတယ်။

နောက်ဆုံးပွဲစဉ်မှာ အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ်က မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို back kick ကန်ချက်နဲ့ တတိယအချီမှာ အလဲထိုးအနိုင်ယူပြီး Air KBZ ရွှေအောင်လံဆုကို ရယူသွားတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73209

No comments:

Post a Comment