CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 22, 2014
ကုသိုလ်ဖြစ် ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း မိန်းမချောလေး ထိုင်းတွင် ရေပန်းစား
ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ လူမှုကွန်ရက်စာမျက်နှာတွေမှာ မတော်တဆ ထိခိုက်မှု ကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို မရွံမရှာ မကြောက်မရွံ့ လိုက်လံကောက်ယူ ကူညီပေးနေတဲ့ မိန်းမချောလေးတယောက် အကြောင်း ရေပန်းစား နေပါတယ်။
သူကတော့ ထိုင်းနိုင်ငံအရှေ့ပိုင်း ဥဘွန်းရာ့ခ်ျဌာနီခရိုင်က ကုသိုလ်ဖြစ် ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းအဖွဲ့ဝင် အသက် ၁၉ နှစ်အရွယ် နောင့်ကြူလို့ ခေါ်တဲ့ ကန်နိကာ ဆန်ဆေနား ဖြစ်ပါတယ်။
မြို့နယ်တွင်းမှာ မတော်တဆ ထိခိုက်မှုတွေ ရှိရင် သူဟာ အဖွဲ့ဝင်တွေနဲ့အတူ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ကယ်ဆယ်ဆွဲထုတ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ သေဆုံးသူတွေ၊ သွေးစသွေးနနဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို မကြောက်မရွံ့ မရွံမရှာ ကောက်ယူ ကူညီထုတ်ပိုးပေးနေတာပါ။
ဒီအဖွဲ့ထဲကို လွန်ခဲ့တဲ့လပိုင်းကမှာ ၀င်ရောက်လာပြီး သူရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို လုပ်ဖော်ကိုင်ဘက်တဦးက ဒီဇင်ဘာ ၁၉ ရက်နေ့ညက လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ တင်ခဲ့ပြီးတဲ့နောက် နောက်တနေ့ မနက်မှာဘဲ နှစ်သက်သူ (လိုက်ခ် ကလစ်နှိပ်သူ) ဦးရေ ၁ သောင်း ၅ ထောင် ရှိသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။
နောင့်ကြူဟာ ဥဘွန်းရတ်ခ်ျဌာနီ သက်မွေးမှုသိပ္ပံကျောင်းက စီးပွားရေးနဲ့ စာရင်းကိုင်ဘာသာရပ် အဓိက ပထမနှစ် ကျောင်းသူ ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင် သူငယ်ချင်းတွေရဲ့ အလုပ်ကို စိတ်ဝင်စားလို့ စမ်းလုပ်ရင်း အဖွဲ့ဝင် ဖြစ်ခဲ့တယ်လို့ ထိုင်းရတ်သတင်းဌာန အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။
သူ့မိသားစုဝင်တွေကတော့ ငွေလည်း မရ၊ အချိန်လည်း ကုန်တဲ့အပြင် စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေရတဲ့ ဒီအလုပ်ကို သူဝင်လုပ်တဲ့အပေါ် နှစ်သက်ခြင်း မရှိကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ဒဏ်ရာရသူတွေ ပြန်လည်ကောင်းမွန်လာတာတွေ့ရင် စိတ်ချမ်းသာကြောင်း၊ ဒီကယ်ဆယ်ရေးအလုပ်မျိုးဟာ ကောင်းမွန်တဲ့အလုပ် ဖြစ်ပြီး လူမှုအသိုင်းအ၀ိုင်းအတွက်ရော မိမိအတွက်ပါ ဘယ်လောက်အကျိုးရှိသလဲဆိုတာကို ကိုယ်တိုင် ၀င်လုပ်ကြည့်မှ ပိုသိမြင်လာမယ်လို့ ထိုင်းရတ်သတင်းအင်တာဗျူးမှာ ဖြေကြား သွားပါတယ်။
http://burmese.dvb.no/archives/74555
ကုသိုလ်ဖြစ် ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း မိန်းမချောလေး ထိုင်းတွင် ရေပန်းစား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)




No comments:
Post a Comment