Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 22, 2014

လက်ပံတောင်း ဒီနေ့ပဋိပက္ခ သေနတ်ကျည် ခေါင်းထိပြီး တဦးသေဆုံး


ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၁၄

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မိုကြိုးပြင်ရါာက ဒေါ်ခင်ဝင်း ခေါင်းထိ သေဆုံးကာ ဒေသ ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားပါတယ်။

ဆည်တည်းရွာမြောက်ဖက် လိပ်ခွံတောင်ခြေဒေသတ ၀ိုက်က လယ်ကွင်းတွေကို ၀မ်ပေါင်ကုမ္ပဏီက မကြီက ခြံစည်းရိုးခတ်ဖို့ ကြိုးစားရာကနေ ဒီမနက် ၈ နာရီလောက်ကတည်းက အဌိပက္ခဖြစ်တာလို့ ဆည်တည်း ရွာခံ ကိုအောင်ဌေးနိုင် က ပြောပါတယ်။ ရွာနားကို ခြံစည်းရိုးခတ်ဖို့ မိုးကြိုးပြင်၊ ဆည် တည်းရဲ့ အနောက်မြောက်ဖက်နဲ့ အရှေ့မြောက်ဖက်ကနေ အဖွဲ့ ၃ ဖွဲ့ ခွဲလာတဲ့အတွက် ဒေသခံတွေကလည်း ၃ ဖွဲ့ခွဲပြီးတားတဲ့အခါမှာ သေနတ်ဖော်ပြီး လူစုခွဲလို့ သေနတ်မှန်တာက ၁ ယောက် အကန်ကြောက်ခံရတာ ၃ ယောက်နဲ့ လေးခွနဲ့ အပစ်ခံရတာ ၃ ယောက် ရှိတယ်လို့ ဆိုပါတယ်။ နေခင်း ၂ နာရီလောက် အထိ သေနတ်နဲပစ်ခတ် လူစုခွဲမှုတွေရှိနေတဲ့အတွက် ဒေခံတချို့ လည်းအိမ်ပြန်ကြတယ်လို့ ပြောပါတယ်။အဲဒီခင်းဖြစ်ရာဒေသမှာ စီမံကိန်းနေရာအတွက် လယ်မြေသိမ်းယူထားပြီး တချို့ ဒေသခံတွေကတော့ လျော်ကြေးမ ယူ ဘဲ အဲဒီလယ်မြေမှာ စိုက်ပျိုးလုပ်ကိုင်ကြတာပါ။လက်ရှိမှာတော့ ၀မ်ပေါင်ကုမ္မဏီကနေပြီး အဲဒီလျော်ကြေးမယူတဲ့ဒေသခံရဲ့ လယ်မြေ ၁ ထောင်ကျော်ကို ခြံစည်းရိုးခတ်ဖို့ ကြိုးစားရင် ဒေသခံနဲ့ ပဌိပက္ခဖြစ်ပွားနေ တာဖြစ် ပါတယ်။

DVB

No comments:

Post a Comment