Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 18, 2014

ကင်မရာမင်ရဲ့အသက်ကိုမကယ်တင်လိုက်နိုင်တဲ့ဂျက်ကီချန်း...............


Thursday, December 18, 2014
ထိုင်ဝမ်သတင်းစာ(Kwong Wah Yit Poh)ရဲ့သတင်းအချက်အလက်အရ ဒီဇင်ဘာ၁၇ရက်မနက်အာရုဏ်တက်ချိန် တွင်ဂျက်ကီချန်းပါဝင် သရုပ်ဆောင်ထားသောရုပ်ရှင်အသစ်“Skiptrace ” ကိုရိုက်ကူးသောကင်မရာမင်သည်မတော်တဆဖြစ်ရပ်
ကြောင့်ပင်လယ်ထဲကိုပြုတ်ကျသေဆုံးသွားခဲ့ပါသည်။
“Skiptrace”ရုပ်ရှင်ကိုဟောင်ကောင်မှာရှိတဲ့ပင်လယ်ကမ်းခြေ
မှာရိုက်ကူးခဲ့တာဖြစ်ပါသည်။ရုပ်ရှပ်ကိုနိုင်ငံခြားဒါရိုက်တာတစ်ဦး ကရိုက်ကူးတာဖြစ်ပါသည်။နစ်မြုပ်သူတွေကိုဂျက်ကီချန်း
ကိုယ်တိုင်ဆင်းကယ်ခဲ့တယ်လို့သတင်းတွေအရသိခဲ့ရပါတယ်။
Sinaမှာတော့ဂျက်ကီချန်းသည်သေဆုံးသူကင်မရာမင်“ချန်ကောရှုန်း”
အတွက်ဝမ်းနည်းစကားတွေရေးသားခဲ့ပါသည်။“မနေ့တုန်းကတော့
ကျွန်တော်တို့နဲ့အတူရှိခဲ့သေးတယ်။..........ကျွန်တော်သူ့အတွက်
နာကျင်ရပါတယ်။ကျွန်တော်သူ့ကိုဘာလို့မကယ်တင်နိုင်ခဲ့တာလဲ။
သူကောင်းရာသုဂိတိရောက်ပါစေ။”
ဒီဇင်ဘာ၁၇ရက်တွင်ဂျက်ကီချန်းသည်သူ့ရုပ်ရှင်အဖွဲ့သားတွေ
နဲ့အတူပင်လယ်ကမ်းခြေတွင်ရုပ်ရှင်ရိုက်ကူးခဲ့ပါသည်။စက်အဖွဲ့သား
တွေနဲ့အတူညလယ်စာကိုစားခဲ့တယ်။သူတို့တွေလှေပေါ်မှာ
ရိုက်ကူးနေတုန်းမမျှော်လင့်သောအခြေအနေတစ်ခုဖြစ်ပွားခဲ့
ပါတယ်။လေပြင်း တွေတိုက်ခဲ့တာပါပဲ။လှိုင်းတွေကြီးခဲ့တယ်။
လှေတွေမှောက်သွားခဲ့ပါတယ်။ရှစ်ယောက်ရေနစ်ခဲ့ပါတယ်။
ခုနှစ်ယောက်ကိုကယ်တင်နိုင်ခဲ့ ပေမဲ့ကင်မရာမင်ကိုတော့
မကယ်တင်နိုင်ခဲ့ပါဘူး။ဂျက်ကီချန်းကိုယ်တိုင်ပင်လယ်ထဲဆင်းပြီး
ကယ်တင်ခဲ့ပေမဲ့အချိန်တွေနောက်ကျသွားခဲ့ပါတယ်။ပျောက်ဆုံးသွား
တဲ့ကင်မရာမင်ကိုကယ်ဆယ်ရေးတွေလာရောက်ရှာဖွေတာ
တစ်နာရီကြာခဲ့ပါတယ်။
ကင်မရာမင်ကိုရှာတွေ့ခဲ့ပြီးတဲ့နောက်မှာတော့ချက်ချင်းပဲဆေးရုံပို့
ခဲ့ပေမဲ့အသက်ကိုတော့အချိန်မှီမကယ်တင်နိုင်ခဲ့ပါဘူး။
ဂျန်ကီချန်းကတော့အခုချိန်ထိမီဒီယာတွေမတွေ့ဆုံသေးပါဘူး။
သေဆုံးခဲ့သောကင်မရာမင်“ချန်ကောရှုန်း”သည်ဟောင်ကောင်
မှာတော့နာမည်ကျော်ကြားတဲ့ကင်မရာမင်တစ်ဦးဖြစ်ပါသည်။
သေဆုံးမည့်နေ့တွင်သူသည်နံပါတ်နှစ်နေရာတွင်ရိုက်ကူး
ရသောကင်မရာမင်နေရာတွင်တာဝန်ယူခဲ့ပါသည်။

သက် (Ref:Guang hua ri bao )
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment