Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 19, 2014

သြစတြေးလျနိုင်ငံ မြောက်ဘက်မြို့တစ်မြို့မှာ ကလေးငယ် ၈ ဦး တစ်ချိန်တည်း ဓားထိုးအသတ်ခံရ



ကလေးငယ်ရှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပြင်းပြင်းထန်ထန် ဓားဒဏ်ရာများ ရရှိထားတာကို သြစတြေးလျ မြောက်ပိုင်းမြို့တစ်မြို့ရှိ နေအိမ်မှာ ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ ကလေးငယ်တွေဟာ အသက် ၁ နှစ်ခွဲ အရွယ်မှ ၁၅နှစ် အရွယ်ထိရှိပြီး Manoora ရဲ့ မြို့စွန်ဖျားဖြစ်တဲ့ Cairns က နေအိမ်တစ်အိမ်မှာ ဓားနဲ့ အသေထိုးသတ်ခံခဲ့ကြရတာပါ။ ကလေးတွေနဲ့ အတူ ရှာတွေ့တဲ့ အမျိုးသမီးကတော့ အပြင်းအထန်ဒ ဏ်ရာတွေရနေခဲ့ပါတယ်။ အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ အဲဒီ့အမျိုးသမီးရဲ့ အခြေအနေဟာ မစိုးရိမ်ရတော့ဘဲ ဆေးကုသမှုခံယူနေတယ်လို့ ရဲတွေက ပြောပါတယ်။
စုံထောက်တွေက အိမ်နီးချင်းတွေဆီကနေ စုံစမ်းစစ်ဆေးမှုတွေ ရယူလျှက်ရှိပြီး ဆေးရုံတင်ထားရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကြားက ဆက်နွယ်မှုကို ရဲတွေက မဆုံးဖြတ်နိုင်သေးပါဘူး။ ဆေးရုံတင်ထားရတဲ့ အမျိုးသမီးနဲ့ ၀မ်းကွဲတော်စပ်သူလို့ သိရတဲ့ Lisa Thaiday ရဲ့ပြောကြားချက်အရတော့ ကလေးငယ်တွေ အားလုံးဟာ မောင်နှမတွေဖြစ်ပြီး အဲဒီ့အမျိုးသမီးကတော့ မိခင်ဖြစ်တယ်လို့ သိရပါတယ်။ အသက်၂၀ ရှိပြီဖြစ်တဲ့ အစ်ကိုဖြစ်သူ အိမ်ရောက်တော့မှ သူ့ညီနဲ့ ညီမတွေ သေဆုံးနေတာကို ရှာတွေ့ခဲ့တယ်လို့ Lisa ကပြောပါတယ်။
“ဒီလိုအဖြစ်အပျက်တွေက လူတိုင်းအတွက် တကယ့်ကို ဆိုးရွားလွန်းလှပါတယ်။ ရဲအရာရှိတွေလဲ ခံစားနိုင်ကြတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့လည်း လူတွေပဲလေ။ ဒါပေမဲ့ ဒီမှာအခုရှိနေတဲ့ ရဲတွေအားလုံးက ကောင်းကောင်း လေ့ကျင့်ခဲ့ကြတဲ့ ကျွမ်းကျင်သူတွေပါပဲ။” ဟု စုံစမ်းစစ်ဆေးရေးမှူး Bruno Asnicar ကပြောသွားပါတယ်။ ဒီအမှုအခင်းဟာ အကြမ်းဖက်မှုဆိုင်ရာ အမှုလို့တော့ မယူဆနိုင်ကြောင်း Carirns Post သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Ref:foxnews
http://www.trend.com.mm/2014/12/19/news-5237

No comments:

Post a Comment