နှမတော်စပ်သူနှစ်ဦးကို တစ် ရွာတည်းတွင် အိမ်ခွဲပေါင်းသင်းနေမှု ကိစ္စနှင့်
ပတ်သက်ပြီး ရပ်ထဲ၊ ရွာထဲ၊ မိဘမောင်ဘွားများအား အရှက်ရစေ ခြင်း၊
မျက်နှာငယ်ရစေခြင်းကြောင့် ယောက်ဖဖြစ်သူနှင့် စကားများရာမှ ပုဆိန်ဖြင့်
ခေါင်းကို ထုသတ်ခံရသည့် ဖြစ်ရပ် အုတ်တွင်းမြို့နယ် ကျေးရွာ တစ်ရွာ၌ ဒီဇင်ဘာ
၁၁ ရက်က ဖြစ် ပွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး
အုတ်တွင်း မြို့နယ် အုန်းပင်ကျေးရွာနေ မတူး အသက်(၄ဝ)သည် တစ်ရွာတည်းနေ
သူတို့၏ အသိပေး အကြောင်းကြား ချက်အရ သွားရောက်ကြည့်ရှုရာ ခင် ပွန်းဖြစ်သူ
တင်မိုးအား ယောက်ဖဖြစ် သူ ဇော်နိုင်က ပုဆိန်ဖြင့်ထုသဖြင့် ဦး ခေါင်းကြေမွ၊
ဦးနှောက်များထွက်လျက် ဇော်နိုင်၏ နေအိမ်ရှေ့တွင် လဲကျသေ ဆုံးနေသဖြင့်
ဇော်နိုင်အား အရေးယူ ပေးပါရန် တိုင်ကြားသဖြင့် အုတ်တွင်း မြို့မရဲစခန်းမှ
(ပ)၃၅၃/၂ဝ၁၄ ပြစ် မှုဆိုင်ရာ ဥပဒေ ၃ဝ၂ အရ အရေး ယူ ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူတင်မိုး၏ ဇနီး ညီအစ်မနှစ်ဦးနှင့်
မောင်နှမတော် စပ်သူဇော်နိုင်ဆိုသူက တစ်ရွာတည်း တွင် နေအိမ်ခွဲ
ပေါင်းသင်းနေထိုင်နေ ခြင်းကိစ္စတွင် တင်မိုးက မိဘမောင်ဘွား များအား
အရှက်ရစေခြင်း၊ မျက်နှာ ငယ်ရခြင်း လူမှုရေးကိစ္စတို့ကြောင့် ဇော်နိုင်က
အခဲမကျေနိုင်ဘဲ ဖြစ်နေ သည်။
သောက်စား မူးယစ်လာသည့် အခါတိုင်း
အပြန်အလှန် ထိကပါးရိ ကပါး ပြောဆိုမှုများရှိခဲ့ရာ ဒီဇင်ဘာ ၁၁ ရက် ည ၉
နာရီခွဲကလည်း အ ဆိုပါ လူမှုရေးပြဿနာအတွက် စ ကားများ ရန်ဖြစ်ရာမှ တင်မိုးက
ဇော် နိုင်အား စောင်းမြောင်းဆဲဆိုပြီး ဝါး လုံးဖြင့် ရိုက်မည်ပြုရာ
ဇော်နိုင်က နီး ရာ ထင်းခွဲပုဆိန်ဖြင့် ဦးခေါင်းအား ချိန်ရွယ်
ထုလိုက်ခြင်းဖြစ်ကြောင်း သိ ရသည်။
အဆိုပါအမှုကို အမှုစစ်စခန်း မှူး
ဒုရဲမှူးမြင့်သန်းနှင့် နယ်ထိန်းတပ် ဖွဲ့ဝင်များက တရားခံဇော်နိုင်အား စည်း
ရုံးရေးနည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် လွှင့်ပစ်ခဲ့သော
ပုဆိန်နှင့်အတူ တရားခံအား ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
Yangon media group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 18, 2014
ညီအစ်မနှစ်ဦးကို ပေါင်းသင်းနေထိုင်သူအား ယောက်ဖ ဖြစ်သူက ပုဆိန်ဖြင့်ထုသတ်
ညီအစ်မနှစ်ဦးကို ပေါင်းသင်းနေထိုင်သူအား ယောက်ဖ ဖြစ်သူက ပုဆိန်ဖြင့်ထုသတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 18, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 18, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment