ကျိုင်းတုံမြို့ကျေးရွာ တစ်ရွာတွင် လူသတ်မှုသွားရောက် စစ် ဆေးသည့်
ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိသူများကြား သေနတ်ဖြင့် အပြန်အလှန်ပစ်
ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် အရပ်သားတစ်ဦးသေ
ဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံမြို့ အရှေ့တောင်ဘက်
မိုင် ၂၀ ခန့်အကွာရှိ မိုင်းနော့ ဖတကျေးရွာတွင် ဒီဇင်ဘာ၁၁ ရက် ညနေက
ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်အဆင့် ရဲ အရာရှိတစ်ဦးက ပြောသည်။
‘‘အဲဒီရွာမှာ လူသတ်မှုဖြစ် တယ်။ မသင်္ကာတဲ့လူတွေ၊ တရား ခံတွေနေတဲ့
တဲပေါ်တက်ရှင်း တော့ သူတို့တွေက တူမီးသေနတ် တွေနဲ့ စပစ်တာ။ ကျွန်တော်တို့
တပ်ဖွဲ့ဝင်တစ်ယောက်ကျတယ်။ ဒီဘက်က ပစ်ဖမ်းတော့ တစ် ယောက်ပြန်ရတယ်။ ငါးယောက်
ဖမ်းပြီး စစ်ဆေးနေတယ်’’ဟု အ ထက်ပါ ရဲအရာရှိကြီးက ပြောသည်။
သေဆုံးသူရဲတပ်ဖွဲ့ဝင်မှာ ကျိုင်းတုံမြို့မရဲစခန်းမှ အသက် (၃၀)နှစ်အရွယ်
တပ်ကြပ်ကြီး ဖုန်းလှေဖြစ်ပြီး ဇနီးနှင့်ကလေး ငယ်နှစ်ဦး ကျန်ရစ်ခဲ့ကြောင်း
ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။
မိုင်းနော့ဖာတကျေးရွာ လူ
သတ်မှုကို စစ်ဆေးရန် ရဲတပ်ဖွဲ့ ဝင်ခုနစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့မှ ၁၄ ဦး
စုစုပေါင်း ၂၁ ဦးဖြင့် လုံခြုံ ရေးယူ၍သွားခြင်းဖြစ်ပြီး အရေ အတွက်
အတည်ပြု၍ မရသေး သည့် ရွာသားများက သေနတ် ဖြင့်စတင် ပစ်ခတ်ခြင်းဖြစ်ကြောင်း
ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောသည်။
မိုင်းနော့ဖာတ ကျေးရွာ သည် လွယ်မွေမြို့သို့သွားသည့်
ကားလမ်းမဘေးတွင်ရှိပြီး ဒေသခံ အများစုက လက်လုပ်တူမီးသေ နတ်များ
ကိုင်ဆောင်ကြသော ကြောင့် ဒေသတွင်းလုံခြုံရေး အ န္တရာယ်စိုးရိမ်ရကြောင်း
ကျိုင်းတုံ မြို့မှ ခရီးသွားလုပ်ငန်းရှင်တစ် ဦးက ပြောသည်။
ယင်းအမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူငါးဦးအား လူသတ်မှု၊
ပူးပေါင်းကြံစည်မှုအပြင် လက်နက်မှုနှင့် မူးယစ်ဆေးမှုပါ တွဲ၍
အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် နှစ်ကလည်း
ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မူးယစ်ဆေးတရား ခံလာဖမ်းသည့်
ရဲတပ်ဖွဲ့ဝင်များကို တူမီးသေနတ်နှင့်ပစ်ကာ ဓားဖြင့်ခုတ်သောကြောင့်
ရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရခဲ့သည်။
7Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 11, 2014
လူသတ်မှုစစ်ဆေးသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိသူများ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ကြပ်ကြီး သေဆုံး
လူသတ်မှုစစ်ဆေးသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိသူများ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ကြပ်ကြီး သေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 11, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 11, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment