Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 12, 2014

Password ကို ရည်မှန်းချက် ပန်းတိုင်တစ်ခု အဖြစ်အသုံးချလိုက်ပါ။

ကွန်ပျုတာ သုံးနေတဲ့သူကတော့ အမြဲတမ်း Password ကိုရိုက်ထည့်နေရတာ စိတ်ညစ်စရာပါ။

ဒီစိတ်ညစ်စရာကို အသုံးချပြီး ဘဝရဲ့ရည်မှန်းချက်အဖြစ် ပြောင်းလဲနိုင်ခဲ့သူကတော့ တရုတ်နိုင်ငံမှာနေတဲ့ Designer ဖြစ်သူ Mauricio Estrella ဖြစ်ပါတယ်။

သူ့ရဲ့စဉ်းစားပုံလေးက ထူးဆန်းပါတယ်။ ကွန်ပျုတာရဲ့ Password ကို ကိုယ့်ရဲ့ ရည်မှန်းချက် တစ်ခုအနေနဲ့ သတ်မှတ်ရုံပါပဲ။

Mauricio ဟာ ဒီအတွေးလေးမဝင်ခင်အချိန်တုန်းက သူ့အမျိုးသမီးနဲ့ ကွဲပြီး စိတ်ထင်ရာကို လျှောက်လုပ်နေခဲ့တဲ့သူပါ။

အမျိုးသမီးအပေါ်မှာ ဒေါသထွက်တဲ့စိတ်တွေအပြင် ဘာကြောင့် ငါရဲ့လုပ်သမျှ ကိစ္စတွေက မအောင်မြင်တာလဲလို့ အမြဲတမ်းတွေးနေခဲ့တာပါ။
တစ်နေ့တော့ ကုမ္ပဏီက ကွန်ပျုတာမှာ Password ပြောင်းဖို့ သတိပေးစာတမ်းလေးက ပေါ်လာပါတယ်။

ဒီစာတမ်းလေးပေါ်ကချိန်မှာ သူဟာ သူ့ရဲ့အထက်အရာရှိကလုပ်နေတဲ့ နည်းလေးတစ်ခုကို သတိရသွားပါတယ်။

အဲဒါကတော့ Password ကိုသူများနားမလည်အောင် ပြောင်းတဲ့အခါမှာ ရည်မှန်းချက်လေးတစ်ခုအဖြစ် ပြောင်းလဲဖို့ဆိုတာကိုပါ။

ဥပမာ - တစ်လအတွင်း ပေါင်ချိန် ၅ ပေါင်ချမယ်ပေါ့လေ။ "LossWeight5" စသည်ဖြင့်။

Mauricioကတော့ ပထမဆုံးအကြိမ်အနေနဲ့ လုပ်လိုက်တာကတော့ သူ့အမျိုးသမီးကိုမေ့ပစ်ဖို့ရန် ပြောင်းလိုက်တဲ့ Password လေးကတော့ Forgive@h3r ဖြစ်ပါတယ်။

နေ့တိုင်းလိုလို Password ကိုရိုက်ထည့်နေရတော့ ကြာလာတော့ သူ့အမျိုးသမီးကို မေ့ပစ်နိုင်ခဲ့ပါတယ်။

ကဲ နောက်တဆင့်အနေနဲ့သူက သတ်မှတ်လိုက်တဲ့ ရည်မှန်းချက်ကလေးကတော့ Quit@smoking4ever တဲ့။ တစ်ပတ်နဲ့ ဆေးလိပ်ပြတ်သွားတယ်တဲ့။

သူ့ရဲ့အခြားသော ရည်မှန်းချက်ပန်းတိုင်ကလေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၀၁. Save4trip@thailand ထိုင်းအလည်ခရီး ။ အောင်မြင်ခဲ့တယ်။

၀၂. Eat2times@day တစ်နေ့ကို၂နှပ်ပဲစားမယ်။ မအောင်မြင်ပါ။

၀၃. Sleep@before12 ည၁၂နာရီမတိုင်ခင်အိပ်မယ်။ အောင်မြင်ခဲ့တယ်။

၀၄. Ask@her4date ကောင်မလေးနဲ့ လျှောက်လည်မယ်။ အောင်မြင်ခဲ့တယ်။

၀၅. No@drinking2months ၂လအရက်မသောက်ဘူး။ အောင်မြင်ခဲ့တယ်။

၀၆. Get@c4t! ကြောင်မွေးမယ်။ အောင်မြင်ခဲ့တယ်။

၀၇. Facetime2mom@sunday တနင်္ဂနွေနေ့မှာ အမေနဲ့စကားပြောမယ်။ အောင်မြင်ခဲ့ပါတယ်။

စာဖတ်ပရိသတ်ကြီးလဲ ကိုယ့်ရဲ့ရည်မှန်းချက်လေးတွေကို Password မှာထည့်ထားပြီး အောင်မြင်အောင်လုပ်ကြည့်ပါလားနော်။

http://www.chelmo.tips/all-life/general-life/319-201411120001.html

No comments:

Post a Comment