CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, November 3, 2014
ဆင်းမ်ကတ်မှောင်ခိုဈေးကွက် MPT ဦးဆောင်
Byဖိုးတုတ်(လှည်းတန်း)
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
လက်ရှိဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဖုန်းဆင်းမ်ကတ် မှောင်ခိုဈေးနှုန်းများတွင် MPT ဖုန်းဆင်းမ်ကတ်မှာ အမြင့်ဆုံးဈေးဖြင့် ဦးဆောင်လျက်ရှိကြောင်း AT ဖုန်းအရောင်းဆိုင်က ပြောသည်။
‘‘ပေါက်ဈေးကတော့ MPT ဆိုရင် နှစ်သောင်းအောက်ဈေးရှိတယ်။ MEC ကတော့ တစ်သောင်းကျော်လောက် ဈေးရှိတယ်။ အူရီးဒူးကတော့ တစ်ထောင့်သုံးရာနဲ့ ရောင်းတဲ့ဆိုင်တောင်ရှိတယ်။ တယ်လီနောကတော့ ပစ္စည်းပျက်နေတယ်။ တစ်ချို့နေရာတွေမှာ ငါးသောင်းနဲ့ ရောင်းတာတော့ တွေ့တယ်’’ဟု ၎င်းက ဆိုသည်။
ယခုအခါတွင် ဈေးကွက်အတွင်း ဆင်းမ်ကတ်သုံးစွဲသူအ မျိုးမျိုးရှိသလို မှောင်ခိုဈေးကွက် ဖြစ်ပေါ်ရခြင်းမှာလည်း ဆင်းမ်ကတ်ထုတ်ဝေသူများအနေဖြင့် သုံးစွဲသူများ လုံလောက်အောင် ထုတ်ဝေပေးနိုင်ခြင်းမရှိသောကြောင့်ဟု ထင်ကြောင်း ပုဇွန်တောင်မြို့နယ်အတွင်း ဖုန်းနှင့် ဆက်စပ်ပစ္စည်းရောင်းချသောဆိုင်အချို့ က ပြောကြားသည်။
‘‘သူ့နေရာနဲ့သူဖုန်းသုံးတဲ့သူတွေက ကတ်တွေရွေးပြီး သုံးကြတာပဲ။ ရန်ကုန်တို့၊မန္တလေးတို့ ကြတော့ MPT က အဆင်ပြေတယ်လေ။ ဒါပေမဲ့ တခြားမြို့ ကြတော့ လိုင်းမမိတာရှိတယ်။ ဒီတော့ လိုင်းမိတဲ့ကတ်သုံးရတာ ပေါ့။ တယ်လီနောကတော့ နိုင်ငံခြားရောက်လည်း ပြောလို့ရမယ်ဆိုတော့ ၀ယ်သုံးကြတာပေါ့လေ’’ ဟု သိဒ္ဓိစံခရီးသွားပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင် ဦးခင်မောင်ထွန်း ကပြောသည်။
တယ်လီဖုန်းဆင်းမ်ကတ် များကို ပုံစံအမျိုးမျိုး၊ ၀န်ဆောင်မှု အမျိုးမျိုးဖြင့် ထုတ်ဝေရောင်းချ နေသော်လည်း လုံလောက်အောင် ထုတ်ဝေနိုင်ခြင်းမရှိသေးချိန်ထိ မှောင်ခိုဈေးကွက် ကုန်ဆုံးသွားမည်မဟုတ်ကြောင်း ဖုန်းအရောင်းဆိုင်အချို့ကပြောကြားသည်။
ဆင်းမ်ကတ်မှောင်ခိုဈေးကွက် MPT ဦးဆောင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 03, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 03, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment