Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 24, 2014

ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်

မန္တလေးမြို့ရှိ ယာဉ် ထိန်းရဲများလာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်မည့် HotLine ဖုန်းနံပါတ်များ သီးသန့်ထား ရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီအစည်း အဝေးခန်းမ၌ ပြုလုပ်သည့် မြို့ တွင်းယာဉ်ကြောရှုပ်ထွေးမှု ဖြေ ရှင်းရေးဌာနပေါင်းစုံ အစည်းအ ဝေးတွင် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး သိန်းကိုကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ‘‘ကျွန်တော့်အနေနဲ့ ဟော့ လိုင်းသက်သက်ဖွင့်ပေးမှာပါ။ ကျွန်တော့်ဆီက ယာဉ်ထိန်းတပ် ဖွဲ့ဝင်တွေ ပိုက်ဆံတောင်းရင်တိုင် ပါ။ ဖုန်းနံပါတ်တွေ သီးခြားထုတ် ဖော်ကြေညာပေးမှာပါ။ အဲဒီနည်း နဲ့ ကျွန်တော့်ယာဉ်ထိန်းတပ်ဖွဲ့ဝင် တွေကို တစ်နည်းအားဖြင့် ပြန်ထိန်းမှာပါ’’ဟု ရဲမှူးသိန်းကိုကိုက ပြောကြားသည်။

ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ အပေါ် မုန်းတီးမှုများ ဆိုရှယ် မီဒီယာများပေါ်တွင် ရေးသားနေ သည်ကို တွေ့မြင်နေရကြောင်း၊ ပိုက်ဆံတောင်းသည့် စည်းကမ်း ဖောက် ယာဉ်ထိန်းရဲအချို့လည်း ရှိကောင်းရှိနိုင်ကြောင်း၊ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မီဒီ ယာများကို ဒီဇင်ဘာလအတွင်း ဖိတ်ကြားကာ ရှင်းလင်းသွားမည် ဖြစ်ကြောင်း ရဲမှူးသိန်းကိုကိုက ပြောကြားသည်။ ဟော့လိုင်းဖုန်း နံပါတ်များကို မြို့နယ်အလိုက် ထားရှိပေးသွားမည်ဖြစ်ပြီး ၂၄ နာရီ ပတ်လုံးတိုင်ကြားနိုင်မည်ဖြစ် ကြောင်း အခြားယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း ရဲမှူးက ပြောကြားသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ်နေ ကိုစည်သူအောင် က ‘‘တိုင်လို့ရတော့ ကောင်းတာ ပေါ့ဗျာ။ ဒါပေမဲ့ ဖမ်းတာက ယာဉ်ထိန်းတစ်ခုတည်း မဟုတ်ဘူးလေ။ တခြားဌာနတွေရောပါတာ ဆိုတော့ သူတို့ပိုက်ဆံတောင်းရင် ကော တိုင်လို့ရနိုင်မလား။ နယ်မှာ ဆိုရင် ယာဉ်ထိန်းအင်အားနည်း တော့ ရဲတို့၊ မီးသတ်တို့ အရပ်ဝတ် တွေကပါ ဖမ်းပေးရတာဆိုတော့ လေ’’ဟု ၎င်း၏ အမြင်ကို ပြော ကြားသည်။

မန္တလေးမြို့တွင် ယာဉ်ထိန်း ရဲအင်အားမှာ ယာဉ်အစီးရေနှင့် မမျှအောင်နည်းပါးနေပြီး လမ်းဆုံးလမ်းခွ မီးပွိုင့်များတွင် တာဝန် ယူရခြင်း၊ ပူးပေါင်းစစ်ဆေးအရေး ယူသည့်အဖွဲ့များတွင် ပါဝင်ရ ခြင်း၊ လုံခြုံရေးနှင့် အခြားတာဝန် များဆောင်ရွက်ရခြင်း၊ အခြေခံ ပညာကျောင်းများတွင် ယာဉ် ကြောရှင်းလင်းရေး ဆောင်ရွက်ပေးရခြင်းများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

7day daily

No comments:

Post a Comment