Great Father Land ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်သည် ပန်းဆိုးတန်း
အလယ်ဘလောက်ရှိ MEI Business Tower တည်ဆောက်ရာတွင် မရိုးဖြောင့်သော
နည်းလမ်းများ အသုံးပြု ခဲ့သည်ဟုဆိုကာ တရားစွဲဆို ခံထားရပြီး ကျောက်တံတား
ရဲစခန်းမှ ဖမ်းဆီး၍ တရားရုံးသို့ တင်ပို့ရာ၌ အာမခံမရရှိဘဲ အချုပ်ဖြင့်အမှု
ရင်ဆိုင်ရမည်ဟု ကျောက်တံတားရဲစခန်း တာဝန်ရှိသူက News Watch ဂျာနယ်သို့
အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါတာဝန်ရှိသူက “ဦးကျော်မြင့် အဖမ်းခံပါတယ်၊ သူ့အမှုက အာမခံမရဘူး၊
အချုပ်နဲ့ပဲ တရား ရင်ဆိုင်ရမှာပါ” ဟု ပြောကြားခဲ့သည်။ ထို့ပြင်
တာဝန်ရှိသူတစ်ဦးကလည်း “အရင်ဆုံး ရဲကိုတိုင်တာပေါ့၊ တိုင်ပြီးတော့မှ
တရားရုံးတင်တယ်၊ ခုဟာက ရဲစခန်းကနေ တရားရုံးကို စွဲတင်လိုက်တော့
တရားရုံးနဲ့ပဲ သက်ဆိုင်သွားပါပြီ” ဟု ပြောကြားခဲ့သည်။
ဦးကျော်မြင့်ကို MEI Business Tower ဆောက်လုပ်မှုအတွက် ကျေနပ်မှုမရှိသော
မြေရှင်က စက်တင်ဘာ ၉ ရက် က ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
“အဲဒီတုန်းက ပ ၃၆၄/၂၀၁၄ နဲ့ တိုင်ချက်ဖွင့်ခဲ့တယ်၊ ရဲက သွားရှာတယ်၊
ထွက်ဆိုချက်တောင်းတယ်၊ မလာဘူး၊ ဒီတော့ တရားရုံးကနေပြီး ၀ရမ်းထုတ်တဲ့
အဆင့်ကိုရောက်တာပေါ့၊ ၀ရမ်းထုတ်တာက နိုဝင်ဘာ ၁၀ ရက်နေ့မှာထုတ်တယ်၊
ရက်သတ္တပတ် ၂ ပတ်အတွင်း တရားရုံးကို စွဲတင်ရမယ်လို့ထုတ်လိုက်တယ်” ဟု
ပြောကြားခဲ့သည်။
ဦးကျော်မြင့်ကို နိုဝင်ဘာ ၁၀ ရက်က ၀ရမ်းထုတ်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက် တွင်
ကျောက်တံတားတရားရုံးအရောက် ရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ
ဆောင်ရွက်ခဲ့သည်ဟု ကျောက်တံတား ရဲစခန်းတာဝန်ရှိသူက ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မြေရှင် ဘက်မှ ““ဦးက ခရီးသွားနေတာ၊ အသေး စိတ်မသိဘူး။
သူ အဖမ်းခံရတယ်ဆိုတော့ တရားရုံးကို ကျော်လွန်ပြီး ဘာမှတ်ချက်မှ တော့
မပေးလိုပါဘူး””ဟု ပြောကြားခဲ့ သည်။
ဦးကျော်မြင့်သည် MEI Business Tower ဆောက်လုပ်မှုတွင် မြေရှင်နှင့်
သဘောတူညီထားသည့် အချက်များ ချိုးဖောက်ခြင်းနှင့် မြေရှင်၏လက် မှတ်အတုများ
ရေးထိုးထားခြင်းကြောင့် တရားစွဲဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် အဆောက်အဦရှိ အခန်းတခန်းလျှင် လူ(၂)ဦးမှ (၃)ဦးအထိ ရောင်းချထား
သည်ဟုလည်း ပြောကြားပြီး ယင်းအခန်း အားဝယ်ယူခဲ့သူများအနေဖြင့်လည်း စိုးရိမ်
မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါအဆောက်အဦတွင် လက်ရှိ ကမ္ဘောဇဘဏ်၊ Myanmar Micro Finance Bank များ
ဖွင့်လှစ်နေပြီး လျှပ်စစ်မီးမရှိသေးကြောင်း၊ ဓာတ်လှေကား မတပ်ဆင်ရသေးကြောင်း
မြေရှင်ကပြော ပြသည်။ လက်ရှိအချိန်တွင် အဆိုပါ အဆောက်အဦ၌
မွမ်းမံပြင်ဆင်မှုများဆက် လက်လုပ်ဆောင်နေသည်ဟု မျက်မြင် သက်သေများက
ပြောကြားသည်။
ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 28, 2014
Father Land ကုမ္ပဏီပိုင်ရှင် အာမခံမရ အချုပ်ဖြင့် တရားရင်ဆိုင်ရမည်ဟုဆို
Father Land ကုမ္ပဏီပိုင်ရှင် အာမခံမရ အချုပ်ဖြင့် တရားရင်ဆိုင်ရမည်ဟုဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 28, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 28, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment