မန္တလေး ၊ ၂၃-၁၁-၂၀၁၄
အလှူခံ လုပ်ဆောင်သူ များအား သံဃနာယက အဖွဲ့က သတ်မှတ် ထားသော စည်းကမ်းချက်
နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါလျှင် တိုင်ကြား နိုင်ကြောင်း
ကလျာဏမိတ္တ လူမှုကူညီရေး အသင်း ဥက္ကဌ
ဦးခင်မောင်တင့် ထံမှ သိရသည်။
စည်းကမ်းချက်များ ဖြစ်သည့် မြို့နယ်အလိုက် သံဃနာယက အဖွဲ့ ထောက်ခံချက်
လက်မှတ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်၊ တူညီဝတ် စုံတို့နှင့် အခြားသော
စည်းကမ်းချက် များကို သတ်မှတ်ထားပြီ သေချာသည့် အထောက်အထား မရှိလျှင်
မည်သူမဆို စစ်ဆေး တိုင်ကြား နိုင်မည် ဖြစ်သည်ဟု သိရသည်။
''စည်းကမ်းချက် တွေကို လိုက်နာခြင်း မရှိဘဲ အလှူခံတဲ့သူ တွေ့ရင် မည်သူမဆို
စစ်ဆေးလို့ ရတယ်။ မဟုတ်မှန်ရင် ကိုယ်တိုင်ဖမ်းပြီး သက်ဆိုင်ရာကို
အပ်နှံနိုင်တယ်။ တိုင် လို့လည်း ရပါတယ်'' ဟု ၄င်းက ပြောပြသည်။
မန္တလေးမြို့ လူစည်းကားသော နေရာများတွင် လူနှစ်ဦးခန့် ပါဝင်ကာ မည်သည့်
အထောက်အထားမှ မပါဝင်ဘဲ အလှူငွေများကို ကောက်ခံလျက် ရှိပြီး အလှူငွေ မထည့်ဘဲ
မေးမြန်းမူ လုပ်လျှင် ရန်လိုသည့် အမူအရာ ပြုလုပ်ခြင်းများ ရှိကြောင်း
မန္တလေး တက္ကသိုလ် ဝန်းကျင် ဆိုင်ခန်း ဖွင့်လှစ်ထားသူ တစ်ဦးထံမှ သိရသည်။
''ဘာမှန်းလဲ မသိဘူး ဘယ်ကလဲ မသိဘူး အလှူ ခဏခဏ လာခံတယ်။ ဘယ်ကလဲ မေးတော့ အလှူ
မခံတော့ဘဲ ထွက်သွားတယ် တစ်ခါ တစ်ခါဆို ရန်လိုတဲ့ အမူရာတောင် ပြသွားတယ်'' ဟု
မန္တလေး တက္ကသိုလ် ဝန်းကျင် ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့သော ဖြစ်စဉ်များ ထပ်တိုးမဖြစ်ပွား စေရန်အတွက် အထောက်ထား မရှိဘဲ
အလှူခံရသည့် အကြောင်းရင်း မရှိသူများကို သက်ဆိုင်ရာ အဖွဲ့များမှ လိုအပ်သလို
စစ်ဆေးမူ များကို ပြုလုပ်နေ ကြောင်း၊ ပြည်သူများ အနေဖြင့် လည်း ထိုကဲ့သို့
လုပ်ဆောင်သည့် သူများကို တွေ့ရှိလျှင် ချက်ချင်း တိုင်ကြားမူ ပြုကြရန်
လိုအပ်ကြောင်း သိရသည်။
မမ
#Yadanarpondaily
#ရတနာပုံနေ့စဉ်
https://www.facebook.com/TheMyawadyDaily?fref=nf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 23, 2014
သတ်မှတ်ထားသော စည်းကမ်းချက်များ မပါဘဲ အလှူခံသည့်သူများအား တိုင်ကြားလျှင် ဖမ်းဆီးနိုင်
သတ်မှတ်ထားသော စည်းကမ်းချက်များ မပါဘဲ အလှူခံသည့်သူများအား တိုင်ကြားလျှင် ဖမ်းဆီးနိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 23, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 23, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment