Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 23, 2014

ဓာတ်ပုံမဟုတ်၊ သက်ရှိနဲ့ အနီးစပ်ဆုံး တူတဲ့ ပန်းချီကားရေးနိုင်သူ



စပိန်လူမျိုး ပန်းချီဆရာ Gustavo Silva Nuñez ဟာ သက်ရှိများနဲ့ ထပ်တူနီးပါး ကျတဲ့ ပန်းချီကား များကို ရေးဆွဲ ပြသနိုင်စွမ်း ရှိပါတယ်။ ပုံမှာ မြင်တွေ့ နေရတာ ဟာလည်း သူ့ရဲ့ လက်ရာများထဲက တစ်ခုပါ။ ပုံထဲက လူတစ်ယောက်ရဲ့ ပုံရိပ်ကို သုံးဖက်အမြင် ရှုထောင့်အရ ကြွတက် လာအောင် ရေးဆွဲပေးနိုင်ပြီး ဓာတ်ပုံတွေထက်တောင် ပိုလို့ သဘာဝ ကျနေပါတယ်။

ဒါကြောင့်မို့ သူ့ရဲ့ ပန်းချီလက်ရာကို yperrealistic လို့ ပြောစမတ်ပြု စေခြင်း ဖြစ်ပါတယ်။ ရေကူးနေတဲ့ပုံ၊ တက်တူးထိုးနေတဲပုံ အပြင် အခြားသော လက်ရာကောင်းများကို ရေးဆွဲလို့ Instagram မှာ follower အင်မတန်များတဲ့ အနုပညာသည် တစ်ဦးလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင် ပန်းချီ ပြခန်းနဲ့လည်း သူ့ရဲ့ ရေဆေး ပန်းချီ လက်ရာ များကို ခင်းကျင်းပြသ ထားပါ သေးတယ်။

သူ့ရဲ့ လက်ရာကောင်း များစွာကို http://instagram.com/gustavoinutero

 
မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment