အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ပဲခူးတိုင်းဒေသကြီး အမှတ် ၁၀ မဲဆန္ဒနယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေး ပါတီက အမျိုးသားလွတ်တော် ကို်ယ်စားလှယ် ဦးမြင့်ထွန်းက
အရေးကြီး အဆိုတင်သွင်း ခဲ့တဲ့အပေါ် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြတယ်လို့
ကိုယ်တိုင်တက်ရောက် သတင်းရယူတဲ့ ဒီဗွီဘီ သတင်းထောက်ကို နေဖြိုးဝင်းက
ပြောပါတယ်။
အဲဒီ ၆ ပွင့်ဆိုင်မှာ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ထဲက တိုင်းရင်းသားခေါင်းဆောင်
တယောက်တို့ တွေ့ဆုံဆွေးနွေးကြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
လွှတ်တော်တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က
“ဘာမှ မသေချာတဲ့အနေအထားမျိုးမှာ တဘက်သားဘာမှ တုံ့ပြန်မှု မရှိသေးတဲ့အခါမှာ
ပြည်ထောင်စုလွှတ်တော် အနေအထားနဲ့ အနာဂတ်နိုင်ငံအတွက်ကို အရေးကြီးတဲ့
အခုအဆိုဟာ အကျိုးသက်ရောက်မှု ရှိမယ်။ တိုင်းပြည်အတွက်၊ အနာဂတ်အတွက်
သွားရမယ့် မျှော်လင့်ချက် တခုကို ဖြစ်စေတယ်။ လုံးဝ မပေါ်တာထက်စာရင် ပေါ်လာတာ
မကောင်းဘူးလား။ ဒါကြောင့်မို့ ကျနော် ကြိုဆိုပါတယ်” လို့ ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဆုံးဖြတ်ချက်ကို
လက်ခံကြောင်းနဲ့ လာမယ့် သောကြာနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင်တွေ့ဆုံကြဖို့
ပြောကြားတယ်လို့ဆိုပါတယ်။
By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/71961
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment