Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 17, 2014

လှိုင်သာယာ လူဆိုးဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ်အတွင်း မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ပြီး အုပ်စုဖွဲ့ ကျူးလွန်သူများအား ဖမ်းဆီးရေး တပ်ဖွဲ့ဝင်များမှ ၀င်ရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ခုခံသည့် လူဆိုးဂိုဏ်းအား ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ နယ်မြေ အတွင်းရှိ ခရိုင်များ အတွင်း မှုခင်းကျဆင်းရေး၊ ဒုစရိုက်မှုများ ဖော်ထုတ် ဖမ်းဆီးရေးနှင့် မှုခင်း ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် စီမံချက်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ မြို့နယ်အတွင်း၌ အုပ်စုဖွဲ့၍ ဗိုလ်ကျ အနိုင်ကျင့်ခြင်း၊ မူးယစ်ဆေးဝါးရောင်း/၀ယ်ခြင်းများကို နှင်းဆီ (ခ)မျိုးလွင်အောင် ခေါင်းဆောင်သည့်အဖွဲ့မှ ကျူးလွန်နေကြောင်း သတင်းအား အတည်ပြု စုံစမ်း ရရှိ ခဲ့ပါသည်။

အဆိုပါ သတင်းအရ ဖမ်းဆီး ရမိနိုင်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ဖမ်းဆီးရေး အဖွဲ့များအား စနစ်တကျ စုဖွဲ့စေပြီး ဆောင်ရွက်စေခဲ့ရာ ၁၆.၁၁.၂၀၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များမှ ယင်းသို့ကျူးလွန်သူများ နေထိုင်ကြောင်း သတင်း အတည်ပြုရရှိသည့် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ရပ်ကွက်၊ မူကြို လမ်းဆုံအိမ်ရာ၊ တိုက်(၄)၊ အခန်း(၀၀၂)သို့ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ ဖမ်းဆီး ခဲ့ပါသည်။

အဆိုပါ နေအိမ်တွင်နေထိုင်သူ နှင်းဆီ(ခ)မျိုးလွင်အောင် (၃၅)နှစ်နှင့် ဇနီးဖြစ်သူ မမြအေး(ခ)မအေးစိုး (ခ)မအေးလေး (၃၆)နှစ်၊ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာနေ ဖိုးတုတ်(၃၈)နှစ်၊ (၇)ရပ်ကွက်နေ ဖိုးဇော်(ခ)သန်းဇော်ဦး (၂၀)နှစ်၊ (၁၄)ရပ်ကွက်နေ နေလင်းဦး (၂၀)နှစ်နှင့် ရဲကျော်သူ၊ (၁၆)နှစ်၊ (၁၉)ရပ်ကွက်နေ ရှိုင်းလေး(ခ)ရှိုင်းမင်းဦး၊ (၃)ရပ်ကွက်နေ ဘိုဘို(ခ)သူရစိုး (၂၆)နှစ် တို့(၈)ဦးအားတွေ့ရှိရပြီး ရှာဖွေဖမ်းဆီးစဉ် အသာတကြည်အဖမ်းမခံဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံခဲ့ပါသည်။

ဖမ်းဆီးရေး အဖွဲ့မှ ၎င်းတို့(၈)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ ဓါးတို/ရှည် (၃၄)ချောင်း၊ ဟွန်ဒါဟိုင်းဘတ် မော်တော်ယာဉ်(၁)စီး၊ ၎င်းမော်တော်ယာဉ်အတွင်းမှ ဓါးမြှောင် (၃)ချောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်(၅)စီး တို့နှင့် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် အလေးချိန် (၂.၈၅)ဂရမ်
တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

၎င်းတို့(၈)ဦးအား လှိုင်သာယာမြို့မရဲစခန်းတွင် အမှုများ အသီးသီးရေးဖွင့်ကာ ဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိပြီး အခြား ပါဝင်ပါတ်သက် နေသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

No comments:

Post a Comment