ဧရာဝတီဘဏ်က AYA Premium Account ဖွင့်ထားရုံဖြင့် နေ့စဉ် အတိုးတွက်ချက်ပေးမည့် အထူးအပ် ငွေစာရင်း အစီအစဉ် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဘဏ်ကပြုလုပ်ခဲ့သည့် အပ် ငွေစာရင်းမှာ တစ်ဦးချင်း၊ နှစ်ဦးနှင့်အထက် ဘာသာရေး အသင်းအဖွဲ့များသာမကဘဲ စီးပွားရေးလုပ်ငန်းများကပါ ငွေအပ်ထား နိုင်ပြီး တစ်နှစ်လျှင် ၈ ဒသမ ၂၅ ရာခိုင်နှုန်း အတိုးဖြင့် တွက်ချက်ပေးမည်ဖြစ်ကာ ယင်း အတိုးရာခိုင်နှုန်းရရှိရန် ငွေစုစာအုပ်ထဲတွင် ကျပ်သိန်း ၁ဝဝ အနည်းဆုံးရှိထားရန် လို အပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးအပ်ငွေစာရင်း တွင် ကျပ်သိန်း ၁ဝဝ အထက်ရှိမှသာ အတိုး တွက်ချက်ပေးမည်ဖြစ်သော်လည်း သိန်း ၁ဝဝ အောက် ရောက်ရှိသွားလျှင် ၈ ဒသမ ၂၅ အ တိုးကို တွက်ချက်ပေးမည် မဟုတ်ဟုလည်း သိရသည်။
TheFlowerNews
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment