Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 27, 2014

အသက် ၆ နှစ် သမီးလေးကို အဓမ္မကျူးလွန်ခဲ့သည့် အသက် ၇၀ အဘိုးအို ထောင် ၄ နှစ်ကျ

၂၀၁၄ နိုဝင်ဘာ ၂၇ ရက်တွင် အနောက်ပိုင်းခရိုင် ကျောက်တံတားတရား ရုံးက အသက် ၆ နှစ်အရွယ် မိန်းကလေး ကို အဓမ္မပြုကျင့်ခဲ့သည့် အသက် ၇၀ ခန့် အမျိုးသားတဦးအား ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


တရားခံသည် ပြစ်မှုကျူးလွန် ကြောင်း ထင်ရှားသော်လည်း ၎င်း၏ အသက်အရွယ်ကို ငဲ့ညှာသောအားဖြင့် ထောင်ဒဏ်(၄)နှစ်ချမှတ်ခဲ့ပြီး တရားရုံး၏ စီရင်ချက်အပေါ် ကျေနပ်မှုမရှိပါက အထက်အဆင့်ဆင့်သို့ ဥပဒေလမ်း ကြောင်းအတိုင်း အယူခံဝင်နိုင်သည်ဟု တရားရုံးမှ ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသမီးငယ်ဘက်မှ လိုက်ပါကူညီပေးနေသည့် အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတဦး က ပြောကြားသည်။

၎င်းမှ ““အသက်အရွယ်အရဆိုရင်တော့ တကယ်သနားဖို့ကောင်းပါတယ်။ ဒါပေမဲ့ လျှော့ပေါ့ပြီးသတ်မှတ်လိုက်တဲ့အတွက် ကျန်တဲ့ပြစ်ဒဏ်ကျူးလွန်သူတွေကို တွန်းအားပေးလိုက်သလိုဖြစ်နေတယ်လို့ မြင်တယ်”ဟု ပြောကြားသည်။

ကလေးငယ်၏ အနာဂတ်နှင့်ပတ်သက်၍ “ကလေးရဲ့အနာဂတ်တခုလုံး ရစရာမရှိအောင် ဖြစ်သွားပြီလို့တော့ အစ်မ ကမြင်တယ်။ Child Psycology နဲ့ပတ်သက်ပြီးတော့ ဒါနည်းနည်းသိတာ။ အများကြီးသိတဲ့သူဆိုရင်တော့ ဒီကိစ္စ ပိုရှင်းပြ တတ်တယ်။ အခုလောလောဆယ် ပတ်ဝန်းကျင်မှာ၊ ကျောင်းမှာ နင့်ကို အဘိုးကြီးက အဓမ္မပြုကျင့်လိုက်တယ်ဆို ပြီး စကားတွေနဲ့ခံနေရတယ်။ သူဖြစ်ခဲ့တုန်းကလည်း ဆယ်ရက်ကျော်အထိ အနာမကျက်သေးလို့ အမျိုးသမီးဆေးရုံကို ပြရတယ်။ ခန္ဓာကိုယ်အနာကျက်သွားပေ မယ့် စိတ်ဒဏ်ရာကတော့ တသက်လုံး ပျောက်တယ်ဆိုတာ အစ်မတော့ မကြားဖူးဘူး။ သေရာပါဖြစ်သွားတာပေါ့”ဟု ပြော ကြားခဲ့သည်။

အဆိုပါကလေးငယ်၌ မိခင်သာရှိပြီး အဖမရှိကြောင်းနှင့် ရှမ်းပြည်ဘက်မှလာ၍ ရန်ကုန်၌ အလုပ်လုပ်ကိုင်စဉ် ယခုကဲ့သို့ အဖြစ်အပျက်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းအပြင် စီးပွားရေးအခက် အခဲနှင့် ရင်ဆိုင်နေရကာ အဖွဲ့အစည်းမှ ၎င်းတို့ကို တတ်နိုင်သည့်ဘက်မှ အကူအညီပေးနေရသည်ဟုဆိုသည်။

“ကလေးရဲ့အမေက ရေရှည် အတွက် စိုးရိမ်နေတယ်။ သူတို့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ အစ်မတို့ စဉ်းစားပေးနေတယ်။ လောလောဆယ်တော့ ဖြေရှင်းပေးတဲ့လမ်းကြောင်းပေါ်ကို မရောက်သေးဘူး။ မီးစဉ်ကြည့်ကရမယ့် သဘောဖြစ်နေတယ်”ဟု အမျိုးသမီး ရေးရာတာဝန်ရှိသူက ပြောကြားခဲ့သည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံး ၏ ဆုံးဖြတ်မှုအား ကျေနပ်မှုမရှိကြောင်း၊ ယခုကိစ္စမှာ မတရားစွပ်စွဲခံရခြင်းဖြစ် ကြောင်းနှင့် အထက်အဆင့်ဆင့်သို့တက်၍ ဖြေရှင်းသွားမည်ဟု ထောင်ဒဏ် (၄)နှစ် ချခံရသူ၏သားက News Watch သို့ ပြောကြားသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment