Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 23, 2014

ဇီဒန်းနဲ့ ဖိနပ် သင်ခန်းစာ.



ကမ္ဘာကျော် ပြင်သစ် ဘောလုံးအားကစားသမားဟောင်း ဇီဒန်းက ယခုလို ပြောခဲ့ပါတယ်။ "ကျွန်တော် သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ဖို့ ရှူးဖိနပ်မရှိတော့ ငိုဖူးတယ်။ ဒါပေမယ့် ခြေထောက်မရှိတဲ့ လူတစ်ယောက်ကို မြင်တော့ ကျွန်တော် ခြေထောက်နှစ်ဖက်ရှိသေးတဲ့အပေါ်မှာ ကျေနပ် ရောင့်ရဲသွားမိတယ်။"

တစ်ခါတစ်ရံ မိမိရဲ့ လိုချင်တပ်မက်စိတ်တွေ များနေရင် မရသေးတဲ့လူတွေကို ကြည့်ပြီးတော့ မိမိပိုင်ဆိုင်ထားတဲ့ အပေါ်မှာ ရောင့်ရဲတင့်တိမ် တတ်ဖို့ လိုအပ် ပါတယ်။ အသောမသတ်နိုင်တဲ့ လောဘက မိမိ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ စိတ်ကကိုတော့ ချမ်းသာသွားစေမှာ မဟုတ်ပါဘူး။

နောက်တစ်ခုကတော့ ကြိုးစားမှုပါ။ ဖိနပ်မရှိတိုင်းသာ ဇီဒန်းတစ်ယောက် ကလေးဘဝမှာ ဘောလုံးမဆော့ခဲ့ရင် မကန်ခဲ့ရင် သူ ဒီလို အောင်မြင်တဲ့ နေရာ တစ်ခုကို ဘယ်ရောက်ခဲ့ပါ့မလဲ။ တစ်ခါတစ်လေတော့ မိမိဟာ ပညာသင်ကြား လေ့လာဖို့ပဲ ဖြစ်ဖြစ် တစ်ခုခုကို စွန့်ဦးတီထွင်တော့မယ်ပဲ ဖြစ်ဖြစ် ဘာမရှိလို့၊ ညာမရှိလို့၊ မပြည့်စုံလို့၊ အချိန်မတန်လို့ ဘယ်သူမကောင်းလို့ အစရှိသဖြင့် ပြောနေရင် ဘယ်လိုလုပ် ကုန်နိုင်တော့မှာလဲ။

တတ်ချင်စိတ်၊ ရချင်စိတ်၊ ဖြစ်ချင်စိတ်က အောင်မြင်မှုရရှိဖို့အတွက် သေချာတဲ့ ၅၀ ရာခိုင်နှုန်းပါပဲ။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပဲ တကယ်တော်သူ၊ တတ်သူ၊ ကြိုးစားသူကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူလိုချင်တဲ့ နေရာတစ်ခုကို ရောက်ရှိပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment