Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 15, 2014

ခြောက်စက္ကန့်လျှင် လူတစ်ဦး ဆီးချိုသွေးချိုရောဂါကြောင့် သေဆုံးနေ

နေပြည်တော် နိုဝင်ဘာ ၁၄

ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှု သည် ကြောက်ခမန်းလိလိ တိုးတက် များပြားနေကြောင်း၊ ကပ်ရောဂါ ကဲ့သို့ တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့ဖြစ်ပွား နေကြောင်း၊ လူ ၁ဝဝ လျှင် ခြောက်ဦး နှုန်းဖြစ်ပွားလျက်ရှိပါကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ဖွင့်ပွဲအခမ်းအနား၌ ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ပူးပေါင်းပြီး ၂ဝဝ၁ ခုနှစ်မှစ၍ နှစ်စဉ်ဆောင်ပုဒ်တစ်ခုစီ ရွေးချယ် သတ်မှတ်ပြီး ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်၏ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ် မှာ ''ဆီးချိုသွေးချို ကာကွယ်ဖို့ ကျန်းမာအောင်နေထိုင်လို့ ရွေးချယ် စားကြစို့'' "Healthy Living and Diabetes" ဖြစ်ပါကြောင်း ငယ်စဉ်ဘဝမှ စ၍ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်တတ်ရန်၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ကြရန်၊ ကျန်းမာ ရေးပညာပေးထားရန် အထူးအရေး ကြီးပါကြောင်း။

ယနေ့ ကမ္ဘာပေါ်တွင် လူပေါင်း ၃၈၂ သန်း ဆီးချိုသွေးချိုရောဂါဝေဒနာခံစားနေရကြောင်း၊ ၂ဝ၁၃ ခုနှစ်၌ ကမ္ဘာပေါ်တွင် လူပေါင်း ၅ ဒသမ ၁ သန်းသည် ဆီးချိုသွေးချိုရောဂါနှင့် နှီးနွှယ်ရောဂါများကြောင့်သေဆုံးနေရပါကြောင်း၊ ခြောက်စက္ကန့်လျှင် လူ တစ်ဦး ဆီးချိုသွေးချိုရောဂါကြောင့် သေဆုံးနေရကြောင်း၊ မြန်မာနိုင်ငံတွင် အသက်(၂ဝ)မှ (၇၉)နှစ်အတွင်း လူဦးရေ နှစ်သန်းခန့် ဖြစ်ပွားနိုင် သည်ဟု ခန့်မှန်းထားပါကြောင်း၊ ဆီးချိုသွေးချိုရောဂါကို ကာကွယ်ကြ ရာမှာ လူတိုင်းလူတိုင်း အစား အသောက်ဆင်ခြင်ကြပြီး ကျန်းမာရေး နှင့်ညီညွတ်အောင် နေထိုင်တတ်ကြဖို့ အထူးအရေးကြီးပါကြောင်း၊ ကိုယ်ကာ ယလှုပ်ရှားမှုလေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ကြရန်၊ ရေဆာလျှင် ရေကိုသာ သောက်ကြရန်နှင့် စိတ်သောကများကို တတ်နိုင်သမျှ လျော့နိုင်သမျှလျော့ အောင်ကြိုးစားနေထိုင်နိုင်ကြရန်၊ ဆီးချိုသွေးချိုရောဂါကာကွယ်ရေးအတွက် ကဏ္ဍစုံ ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်တိုက်ဖျက်ကြရန်နှင့် အားလုံးလက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ပညာပေးပြခန်းကို ကြည့်ရှုသည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ပါမောက္ခဒေါက်တာကိုကိုက ဆီးချို သွေးချိုရောဂါအကြောင်းသိကောင်း စရာများ ဟောပြောပြီး ဆီးချိုသွေးချို ရောဂါရှိ၊ မရှိစစ်ဆေးခြင်းနှင့် ရောဂါ ရှာဖွေစစ်ဆေးခြင်းတို့ကို ပြုလုပ်ပေး ကြောင်း သတင်းရရှိသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment