Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 15, 2014

စစ်သွေးကြွအဖွဲ့ကို အမေရိကန်လေကြောင်းတိုက်ခိုက်မှု ရုပ်သံထုတ်ပြန်


အမေရိကန် စစ်တပ် အလယ်ပိုင်းဒေသ စစ်ဌာနချုပ်က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုမှာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်တိုက်ခိုက်ရေး သမားတွေကို အမေရိကန်က ဦးဆောင်ပြီး လေကြောင်း တိုက်ခိုက် နေပုံကို ရိုက်ကူးထားပါတယ်။

အီရတ်နိုင်ငံ ဘိုင်ဂျီမြို့နားမှာ နိုဝင်ဘာလ ၄ ရက်နေ့က တိုက်ခိုက်နေတဲ့ပုံကို ရိုက်ကူးထားတာပါ။ သူပုန်တွေ သိမ်းယူထားတဲ့ အီရတ်ရဲ့ အကြီးဆုံး ရေနံချက်စက်ရုံကို ပြန်သိမ်းဖို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဇွန်လက အစ္စလာမ္မစ်တိုက်ခိုက်ရေးသမားတွေဟာ ဘို်င်ဂျီမြို့ကို သိမ်းပြီး အနားက ရေနံထုတ်လုပ်ငန်း တွေကိုလည်း သိမ်းခဲ့ပါတယ်။

အီရတ်အစိုးရ စစ်တပ်က အစပိုင်းမှာ ခုခံနိုင်စွမ်း မရှိခဲ့ပေမယ့် ဒီရက်သတ္တပတ်တွေ အတွင်းမှာတော့ အမေရိကန် လေကြောင်း စစ်ကူတွေကြောင့် အိုက်အက်စ်တပ်ဖွဲ့တွေကို ရင်ဆိုင်နိုင်နေပါတယ်။

အစိုးရတပ်တွေဟာ မနေ့က ရေနံချက်စက်ရုံအနားက မိုင်ဝက်ဝန်းကျင်အထိ ချိတက်နိုင်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ စစ်ဆင်ရေးမှာ HH-60 ရဟတ်ယာဉ်တွေလည်း ပါဝင်ပြီး ရှာဖွေရေး၊ ကယ်ဆယ်ရေး၊ ဆေးကုသရေး၊ လူသားချင်း စာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆောင်ရွက်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70981

No comments:

Post a Comment