Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 25, 2014

လမ်းဘေး ပွဲခင်းအတွင်း အိပ်နေသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

၂၄.၁၁.၂၀၁၄ ရက်နေ့ ၀၄၂၀ အချိန်တွင် ဒဂုံမြောက်မြို့နယ်၊ ငါး မာန်အောင် ဘုရားလမ်းဘေး ပွဲခင်းအတွင်း မောင်းနှင်လာသည့် RA---- ဟီးနိုးဒိုင်နာအငှား ယာဉ်သည် ပွဲခင်းအတွင်း အိပ်နေသူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ကိုမင်းမင်း၊ (၂၀)နှစ်ကို ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကိုမင်းမင်းမှာ ခန္ဓာကိုယ်တွင် စုပ်ပြဲဖူးရောင်ဒဏ်ရာ များရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းယာဉ်(ပ) ၆၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

No comments:

Post a Comment