Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 14, 2014

အိုဘားမား မြန်မာနိုင်ငံမှ သြစတြေးလျသို့ ထွက်ခွါခဲ့

မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန် သမ္မတ အိုဘားမား၏ Air Force One လေယာဉ်သည် နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပြန်လည်ထွက်ခွါခဲ့သည်။

သမ္မတဦးဘားမားသည် သြစတြေးလျနိုင်ငံတွင် ပြုလုပ်ကျင်းပမည့် G-20 ထိပ်သီးဆွေးနွေးပွဲသို့ သွားရောက်မည်ဖြစ်သည်။
အိုဘားမားက ၎င်း၏ မြန်မာပြည်ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၂ ရက် ညက နေပြည်တော်သို့ ရောက်ရှိကာ ၁၃ ရက်တွင် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ပြီး လွှတ်တော်တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
၁၄ ရက် နံနက်တွင်မူ ရန်ကုန်မြို့သို့ ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိကာ အတွင်းဝန်ရုံးသို့ ဦးစွာသွားရောက်အပြီးတွင် တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနောက် ၎င်းတို့နှစ်ဦးက ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းနောက်တွင် အရပ်ဖက် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် အမေရိကန်သံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အရပ်ဖက် လူငယ်အဖွဲ့များနှင့် တွေ့ဆုံကာ မိန့်ခွန်းပြောခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ ညနေ ၅ နာရီခန့်တွင် ပြန်လည်ထွက်ခွာခဲ့သည်။
 Mizzima

No comments:

Post a Comment