Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 3, 2014

ကိုပါကြီး ရုပ်အလောင်း ပြန်ဖော်မည့်နေ့တွင် မိသားစုနှင့်အတူ လိုက်ပါမည့် လူစာရင်းတောင်းခံ


တပ်မတော်က မြှုပ်နှံ ထားသည့် ကိုပါကြီးအလောင်းကို ပြန်ဖော်မည့်နေ့ နိုဝင်ဘာ ၅ရက် တွင် မိသားစုဝင်များနှင့်အတူ လိုက်ပါမည့် လူစာရင်းကို မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သေဆုံးသူ၏ ဇနီး ထံတောင်းခံခဲ့ပြီး လုံခြုံရေးအရ လူစာရင်းကို မပေးခဲ့ကြောင်း ကိုပါကြီး၏ဇနီးဒေါ်သန္တာကပြော ကြားသည်။

နိုဝင်ဘာ ၃ရက် နံနက်ကရန်ကုန်မြို့ရှိ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးခန်းက ဆက် သွယ်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သန္တာကဆိုသည်။

‘‘ကော်မရှင်က လူစာရင်း တောင်းတယ်။ အလောင်းဖော်ရင် ဘယ်သူတွေလိုက်မလဲဆိုတာ ပေါ့။ ဒါပေမဲ့ ကျွန်မကို ကူညီပေး နေတဲ့လူတွေရဲ့ လုံခြုံရေးအရ နာ မည်စာရင်း ကျွန်မ မပေးဘူး။ ရန် ကုန်ကနေ ကျိုက်မရောကို ဘယ် အချိန်ထွက်မယ်ဆိုတာလည်း ကျွန်မ မပြောဘူး။ အလောင်းက တော့ ၅ရက်နေ့ ဖော်မှာဆိုတော့ အမီတော့သွားမယ်။ လူစာရင်း တောင်းတာကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့လည်း ကျွန်မခံစားရလို့ပါ’’ဟု ၎င်းကပြောသည်။ကိုပါကြီးသေဆုံးမှုအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ ရေးကော်မရှင်က ဖြစ်စဉ်တွင် ပါ ၀င်ပတ်သက်ခဲ့သည့် စစ်ဘက်၊ နယ်ဘက်နှင့် ရဲအရာရှိများအား ကွင်းဆင်း စစ်ဆေးခြင်းကို အောက်တိုဘာ ၃၁ရက်တွင် စ တင်နေပြီဖြစ်သည်။ စုံစမ်းမှုနှင့် ပတ်သက်၍ ကျိုက်မရောရဲစခန်း ကလည်း လတ်တလောတွင် အမှု ဖြစ်စဉ်အတွက် ပူးပေါင်းစစ်ဆေး မှုများပြုလုပ်နေရသဖြင့် သတင်း ထုတ်ပြန်ပေးရန် မဖြစ်သေး ကြောင်း တာဝန်ကျရဲအရာရှိတစ် ဦးက ပြောကြားသည်။

‘‘ဒီနေ့တစ်နေ့လုံး(နိုဝင်ဘာ ၃ရက်)ကိုပါကြီးကိစ္စအတွက်ပဲ စခန်းက အလုပ်တအားများနေ တယ်။ စုံစမ်းစစ်ဆေးရေးကို လည်း ပူးပေါင်းကူညီနေပါတယ်။ အသေးစိတ်ကတော့ အလောင်း ဖော်ပြီးနောက်ပိုင်းပြောနိုင်ပါလိမ့် မယ်’’ဟု ၎င်းကပြောကြားသည်

7Day Daily

No comments:

Post a Comment