Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 7, 2014

ကိုပါကြီး သေနတ်ဒဏ်ရာ၅ချက်အပေါ် မသန္တာ ပြောကြားချက် (ရုပ်/သံ)


ကိုပါကြီး ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိတယ်လို့ မှုခင်းစစ်ဆရာဝန် စစ်ချက် ထွက်လာပါတယ်။ "ကျည်ပေါက်ရာ ၅ခု တွေ့တယ်လို့ ပြောတယ်၊ တခုက မေးစေ့ကနေပြီးတော့ အနီးကပ် ပစ်တဲ့ ဒဏ်ရာတချက်၊ နောက်တခါက ရင်ဘတ်မှာ ၂ချက်၊ ပေါင်မှာ တချက်၊ ခြေထောက်မှာတချက်လို့ ပြောတယ်၊ ကျမတို့ မနက် ၉ နာရီခွဲလောက်တုန်းက သွားကြည့်တုန်းက ကျောကုန်းမှာ အပေါက်မရှိဘူး" လို့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။

အခုချိန်မှာ မှုခင်းစစ် ဆရာဝန်ရဲ့အဖြေအပေါ် ဘာမှ မှတ်ချက်မပေးချင်ပေမယ့် ဓာတ်ပုံ၊ အသံ၊ ဗီဒီိယိုအချက်အလက်တွေကို စုဆောင်ထားပြီး နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြသသွားမယ်လို့ မသန္တာက DVB ကို ပြောကြားပါတယ်။
DVB TV News

No comments:

Post a Comment