Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

အမြန်လမ်းတွင် ဘုရားဖူးယာဉ်မှောက်

တိမ်းမှောက်နေသည့် ဘုရားဖူးယာဉ်ကိုတွေ့ရစဉ်
အမြန်လမ်းတွင် စိန်အိုးစည်ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီအချိန်တွင် ရန်ကုန်မြို့သို့ပြန်လာသော စိန်အိုးစည်ဘုရားဖူးယာဉ်သည် မိုင်တိုင် ၁၂၄ တွင်တိမ်းမှောက်ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့် ယာဉ်အကူတစ်ဦးတို့  ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများသည် ကျောင်းဆရာမများ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
‘‘ယာဉ်အကူနဲ့ သူ့သူငယ်ချင်းတစ်ယောက် ဒဏ်ရာရတယ်။ ကျန်တာက အမျိုးသမီးတွေပဲ။ တောင်ဥက္ကလာက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲစိုးရိမ်ရတာပါ။ ကျန်တာက မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
7Day Daily

No comments:

Post a Comment