Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 2, 2014

စီးပွားလုပ်သင့်တဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာကို အောက်ဆုံး ၁၂ နိုင်ငံ အဖြစ် ကမ္ဘာ့ဘဏ် က သတ်မှတ်




နိုင်ငံအလိုက် စီးပွားရေး လုပ်ကိုင် ဖို့ သင့်တော်မှု ရှိ မရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ စစ်တမ်း ကောက်ယူပြီး ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန် ခဲ့ရာမှာ
မြန်မာ နိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ အဆင့် မှာသာ ရှိနေ ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် အစီရင် ခံစာထဲက အဆင့် ထက်တော့ တဆင့် တက်လာတာ
ဖြစ်ပြီး၊ မြန်မာ နိုင်ငံရဲ့ သွင်းကုန် ထုတ်ကုန် ကုန်သွယ်ရေး ကဏ္ဍတွေမှာ တိုးတက်မှု တွေ ရှိခဲ့တယ် လို့ ဖော်ပြထား ပါတယ်။

မြန်မာ ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာဖို့ အတွက် ဘဏ်ချေးငွေ လွယ်လွယ်ကူကူ
ရရှိရေး လို၊ မြေယာ ပိုင်ဆိုင်ခွင့် ပြသနာ နဲ့ လျှပ်စစ် ဓာတ်အား လောက်ငအောင် မပေးနိုင်တဲ့
ပြသနာတွေ လို၊ ကျွမ်းကျင် လုပ်သား ရှားပါးတာမျိုးလို စတဲ့ အခက် အခဲတွေ ကို ဖြေရှင်းဖို့ လိုနေသေး တယ် ဆိုပြီး အစီရင် ခံစာထဲမှာ ဖော်ပြ ထားပါ သေးတယ်။

မြန်မာ နိုင်ငံရဲ့ ကုန်သွယ်ရေး ကဏ္ဍ တိုးတက်ဖို့ အတွက် ကုန်သွယ်ခွန်တွေ လျှော့ပေါ့
ပေးတာမျိုး၊ လိုင်စင် လျှောက်ထား စရာ မလိုတဲ့ ကုန် ပစ္စည်း အမျိုး အစားတွေ သတ်မှတ်
ပေးတာမျိုး တွေ လုပ်ပေး ခဲ့တယ် လို့ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနက ပြန်ကြားရေး
တာဝန်ခံ ဦးဝင်းမြင့်က ဘီ⁠ဘီစီကို ပြောပါ တယ်။

ဥပဒေပိုင်း ဆိုင်ရာ ပြောင်းလဲဖို့ လိုအပ်တဲ့ နေရာတွေမှာ အဆင့်ဆင့် လုပ်ဆောင်
ရတဲ့ အတွက် ကြန့်ကြာ တတ်တာမျိုးတော့ ရှိကြောင်းလည်း ဦးဝင်းမြင့် က ဆိုပါတယ်။

ကမ္ဘာ့ဘဏ် ရဲ့ အခု ထုတ်ပြန်လိုက်တဲ့ ‘စီးပွားရေး လုပ်ကိုင် ဆောင်ရွက်ခြင်း ၂၀၁၅’ အစီရင် ခံစာမှာ စင်္ကာပူ နိုင်ငံက အဆင့် ၁ ချိတ်ပြီး၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် က အဆင့် ၁၇၃ နဲ့ မြန်မာနိုင်ငံ ရဲ့ အပေါ်မှာ ရှိနေပါတယ်။

No comments:

Post a Comment