Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 29, 2014

Two Piece ၀တ်ပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တိုင်း နာမည်ကြီးပြီလို့ ထင်နေတာမျိုးဟာ လွဲနေတဲ့ အမြင်တစ်ခုလို့ ထောက်ပြဝေဖန်လိုက်တဲ့ ခင်ဝင့်ဝါ

Miss Supranational ပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့တဲ့ ခင်ဝင့်ဝါဟာ ခုလက်ရှိမှာ ဇာတ်ကားတော်တော်များများရဲ့ ခေါင်းဆောင်မင်းသမီး နေရာကနေ ရိုက်ကူးနေရပြီဖြစ်ပြီး လတ်တလောမှာတော့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးပုံဖော်နေတဲ့ မြှားနတ်မောင် ဖွက်ထားတဲ့မြှား ကားမှာ စိုင်းစိုင်းခမ်းလှုင်နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။

ဇာတ်ကားတွေမှာ သူမ သရုပ်ဆောင်ရတဲ့အပိုင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တော့ “ညီမက အသစ်တစ်ယောက်ဖြစ်တဲ့အတွက် အရမ်းတော့အားမရဘူးပေါ့။ အသစ် တစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေတော့ ရှိနေမှာပါ။ အဲ့ဒီ လိုအပ်ချက်တွေကို လဲ တစ်ကားနဲ့တစ်ကားမှာ တတ်နိုင်သမျှ နည်းအောင် ညီမကြိုးစားနေပါတယ်။ ဒီကားပြီးရင် မကြည်ဖြူနဲ့ရိုက်ဖို့ရှိပါတယ်။ မကြည်ဖြူနဲ့က တစ်လတစ်ကား ရိုက်တယ်။ ဒါမှမဟုတ်ရင် တစ်လခြား တစ်ကားပေါ့။ သစ္စာနှင်းဆီနဲ့ရွှေစင်ဦးကျတော့ ၁၀ ကားစီ ချုပ်ထားပါတယ်။ သူတို့က စာချုပ်ချုပ်ထားပေမဲ့ ညီမနဲ့က ညီအစ်မတွေလိုခင်တဲ့အတွက် အရမ်းကြီးမကြပ်ဘူး။ လွတ်လဲ လွတ်လပ်ပါတယ်။ ဇာတ်ကတော့ သိပ်အများကြီး မရွေးဖြစ်ဘူး။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်တွေကိုပဲ လာငှားကြတာများတော့ ပြီးတော့ အသစ်လဲဖြစ်တဲ့ခါကျတော့ ညီမအနေနဲ့က ဒီကားမရိုက်ချင်ဘူး။ ဟိုကားရိုက်ချင်တယ်ဆိုပြီး ပြောခွင့်လဲမရှိပါဘူး။ ခုချိန်ထိရိုက်နေရတဲ့ ကားလေးတွေကတော့ အားလုံးညီမနဲ့ လိုက်တဲ့ကား များပါတယ်။ ကိုယ့်ကို ရွေးချယ်ပေးလာတဲ့ ဇာတ်ကောင်ကို အကောင်းဆုံး ကြိုးစားပြီး ရိုက်ကူးပါတယ်။”လို့ သူမက ဆိုပါတယ်။

Miss တစ်ယောက်ဖြစ်တာကြောင့် အနေအထိုင်၊ အသွားအလာ၊ အပြောအဆိုပိုင်းကအစ ထိန်းထိန်းသိမ်းသိမ်းနေလေ့ရှိတဲ့ သူမက “ကိုယ်က Miss တစ်ယောက်လည်း ဖြစ်တယ်၊ သရုပ်ဆောင် တစ်ယောက်လဲဖြစ်တဲ့အတွက် ကိုယ့်ရဲ့ image ရော၊ နိုင်ငံရဲ့ Image ရောမကျအောင်အတတ်နိုင်ဆုံး သွားလာပြောဆို နေထိုင်ရပါတယ်။ အနုပညာရှင်တစ်ယောက်မို့လို့လဲ အသွားအလာ အနေအထိုင်ကအစ ဆင်ခြင်ရပါတယ်။ facebook ပေါ်ပုံတင်တာက အစ ဆင်ခြင်ပြီး တင်ပါတယ်။ fb သုံးတဲ့တွက် ကောင်းကျိုးလဲရှိသလို ဆိုးကျိုးလဲရှိတယ်။ facebook သုံးတဲ့တွက် ပရိသတ်တွေနဲ့ တိုက်ရိုက် ထိတွေ့ခွင့်ရသလို သူတို့ရဲ့ထောက်ပြဝေဖန်မှုတွေကို ပြင်ဆင်လို့ရတယ်။ ကောင်းသောနည်းလမ်းနဲ့သုံးတာ ကောင်းပါတယ်။ Social Network ကိုလဲ ကောင်းသော အသုံးပြုတဲ့ ပုံစံနဲ့ပဲ သုံးစေချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် fb မှာ အရမ်းဟော့တဲ့ပုံတွေ ခုနောက်ပိုင်းဆို တင်လာကြတာမျိုးရှိတယ်။ ပုံတင်တဲ့အခါမှာ အနုပညာရှင်ဆိုပြီး တင်လိုက်တဲ့ခါကျတော့ အားလုံး မကောင်းဘူးဆိုပြီး သိမ်းကျုံးပြီးမြင်သွားတတ်ကြတယ်။ တကယ်မလုပ်တဲ့သူတွေပါ နစ်နာတယ်။ အဲ့ဒီတော့ ပုံတွေဆို စဉ်းစားချင့်ချိန်ပြီး တင်စေချင်တယ်။ ကိုယ်တစ်ယောက်ကြောင့် တစ်ပါးသူတွေ ထိခိုက်မှာကို မဖြစ်စေချင်ပါဘူး။ fb မှာ two piece နဲ့တင်ရင် နာမည်ကြီးမယ်လို့ထင်နေတဲ့ တချို့ သူတွေရဲ့အမြင်ကို ဒါက ပြိုင်ပွဲစည်းကမ်းအရ Miss ပြိုင်တဲ့ ဘယ်ပွဲမဆို two piece နဲ့ပြိုင်ရတယ်။ ဘယ်အင်တာနေရှင်နယ် ပြိုင်ပွဲမဆိုပေါ့။ ဒါကို အဲ့လိုဝတ်ပြီး facebook ပေါ်တင်ရင် နာမည်ကြီးမယ်လို့ ထင်နေတာက သူတို့တွေရဲ့ တလွဲအမှားကြီးပေါ့နော်။ အဲ့တွက်ကြောင့် ကောင်းသော နာမည်ကြီးချင်းမျိုးနဲ့ပဲကြီးကြပါပေါ့။ ဆိုးတဲ့နာမည်ကြီးချင်းမျိုးနဲ့ဆို ကိုယ်လဲ မကောင်းဘူး။ နောင်တွက်လဲ မကောင်းဘူး”လို့ပြောပြခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment