Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 23, 2014

S နဲ့ ပူးပေါင်းမယ့် ၃ ဦးကို မလေးရှား ရုံးတင်


ဆီးရီးယားမှာ ရှိတဲ့ IS စစ်သွေးကြွတွေနဲ့ သွားရောက် ပူးပေါင်းဖို့ ကြိုးစားတယ် ဆိုတဲ့ မလေးရှား လူမျိုး အမျိုးသား ၃ ဦးကို ဒီကနေ့ ရုံးတင်လိုက်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ လက ကွာလာလမ်ပူ လေဆိပ်မှာ တူရကီကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးမှာ ဗိသုကာ တစ်ဦး၊ အင်ဂျင်နီယာ တစ်ဦးနဲ့ စီးပွားရေးသမား တစ်ဦး တို့ဖြစ်ပြီး အဲဒီထဲက တစ်ယောက်က IS အဖွဲ့ရဲ့ အလံကို သယ်လာတယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးရမှုဟာ အလယ်အလတ် သဘောထားရှိတဲ့ မွတ်ဆလင်နိုင်ငံ အဖြစ် မလေးရှားကို ဂုဏ်ယူလေ့ရှိတဲ့ မလေးရှား ခေါင်းဆောင်တွေအဖို့ စိုးရိမ် ပူပန်စရာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

IS စစ်သွေးကြွတွေနဲ့ အဆက်အသွယ် လုပ်တယ် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးရမိသူ အခုနှစ်အတွင်း မလေးရှားမှာ ၃၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

No comments:

Post a Comment