Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 26, 2014

Obama ခရီးစဉ်အတွက် လုံခြုံရေးအစီအစဉ် စတင်


အရှေ့တောင် အာရှနိုင်ငံများ အသင်း အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ အတွက် အမေရိကန်သမ္မတ Mr Obama ဟာ နေပြည်တော် ကို ရှေ့လအတွင်းမှာ လာရောက်မှာဖြစ်တဲ့ အတွက် နေပြည်တော် ဟိုတယ်တွေမှာ လုံခြုံရေး အပြည့်အဝ စတင် ဆောင်ရွက်ထားပြီလို့ နယ်မြေခံ လုံခြုံရေးတာဝန်ကျသူ တစ်ဦးက RFA ကို ပြောပါတယ်။

သမ္မတအိုဘားမားဟာ လာမယ့်နိုဝင်ဘာလ ၉ ရက်ကနေ ၁၃ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို လာရောက်မှာဖြစ်ပါတယ်။

သမ္မတအိုဘားမား တည်းခိုမယ့်ဟိုတယ်ကို လုံခြုံရေးအရ ကြိုတင်အသိပေးမထားပေမယ့် တည်းခိုမယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကမ်ပင်စကီ ဟိုတယ် Kempinski Hotel ရဲ့ အထွေထွေမန်နေဂျာ Mr. Franck Droin ကို RFA ကမေးမြန်းရာမှာ ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် ထုတ်ဖော်ပြောခွင့်မရှိဘူးလို့ ပြောပါတယ်။

သမ္မတအိုဘားမား တည်းခိုဖို့အတွက် သက်ဆိုင်ရာက ကြယ်ငါးပွင့်အဆင့် ဟိုတယ်သုံးလုံးကို လျာထားပြီး မန်းမြန်မာဟိုတယ်ကိုတော့ အမေရိကန်သမ္မတရဲ့ ဝန်ထမ်းတွေ တည်းခိုဖို့ အခန်းပေါင်းတစ်ရာကျော်ရှိတဲ့ ဟိုတယ်တခုလုံးကို ငှားရမ်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အမေရိကန် သမ္မတအိုဘားမား ခရီးစဉ်အတွက် အမြင့်ဆုံး လုံခြုံရေး အဆင့် သတ်မှတ်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့ အကူအညီအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ အင်အားနှစ်သောင်းကျော်နဲ့ လုံခြုံရေးတာဝန် ယူသွားမယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment