Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 25, 2014

“ထိုင်းမှာ အောင်မြင်နေတဲ့ ( ၁၃ ) နှစ် သမီး ကရင်မိန်းကလေး Jasmine ”


.
ထိုင်းရောက် ကရင်မိသားစုကမွေးတဲ့ ( ၁၃ ) နှစ်သမီး Jasmine ( ခေါ် ) “ အပု ” ဟာ ထိုင်းနိုင်ငံမှာ ( ၈ ) တန်း တက်နေသူဖြစ်ပြီး ( ၄ ) နှစ် အရွယ်ကတည်းက သီချင်းစဆိုပါသတဲ့။ ပထမဦးဆုံးဆိုတဲ့သီချင်းက West Life ရဲ့ My Love ဖြစ်ပါတယ်။ အဆိုတော် Taylor Swift က ချစ်စရာလေး နဲ့ သူ့သီချင်းတွေကိုကြိုက်တယ်လို့ ဆိုပါတယ်။ မြန်မာအဆိုတော်ထဲမှာ မျိုးကြီး ကို ကြိုက်တယ်လို့ ပြောပါတယ်။
.
ထိုင်းရုပ်သံမှာ သီးချင်းဆိုဖို့ ဖိတ်ခေါ်ခံရပြီး Channel 1 နဲ့ Channel 7 တွေမှာ အသံလွှင့်ခဲ့တယ်။ နောက်ပိုင်းမှာ သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်ရှိပြီး အဆိုတော်လည်းဖြစ်ချင်ပါတယ်တဲ့။ ဘန်ကောက်မှာ ဂီတကျောင်းတက်မယ်လို့ စိတ်ကူးထားတယ်လို့ ပြောတယ်။
.
ဂျက်စမင်း ဟာ Isuzu ကားကုမ္ပဏီက လုပ်တဲ့တေးဂီတပြိုင်ပွဲမှာ ပထမ ရဖူးတယ်။ အိမ်မှာ မြန်မာစကားပဲပြောပြီး မြန်မာနိုင်ငံက အမျိုးတွေဆီ သွားလည်ချင်တယ်လို့လည်း ပြောပါတယ်။ YouTube ရဲ့ စွမ်းဆောင်မှုကြောင့်လူသိများလာတဲ့ ဂျက်စမင်း ကို ပြည်တွင်းပြည်ပ မြန်မာများ အားပေးစေချင်ပါတယ်။
.
ကြည့်ရှုအားပေးနိုင်အောင် Jasmine A P ရဲ့ YouTube Channel ကိုလင့်ပေးထားပြီး BBC နဲ့ အင်တာဗျူးအသံဖိုင်ကို Comment မှာ ဆွဲယူနိုင်ပါတယ်။
.
ကျေးဇူးတင်ပါတယ် ။
.
ကိုညီညီ ( တောင်ကြီး )


https://www.youtube.com/watch?v=MfRyqR5FFe8
http://shared.com/ucbfqc481i?s=l

No comments:

Post a Comment