Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 6, 2014

iPhone 6 တစ်လုံးကို ဒေါ်လာ ( ၉၄၇ဝဝ ) ပေးရ






iPhone 6 တစ်လုံးကို ဒေါ်လာ ( ၉၄၇ဝဝ ) ပေးရလို့ မယုံမရှိပါနဲ့။ ဒီဈေးထက်ပိုပေးနိုင်ရင် ဝင်ဝယ်လို့ရပါသေးတယ်။
.
ဖြစ်ပုံက ဒီလို ..
.
သုံးစွဲသူတစ်ယောက်က iPhone 6 ဝယ်လိုက်တာ ရောက်လာတော့ မြင်နေကျ iPhone နဲ့မတူပဲ Developer တွေ အပြီးမသတ်ခင် အမျိုးမျိုးထွင်ထား / စမ်းထားတဲ့ Pronotype ဖုန်း ဖြစ်နေတယ်။ ဒါနဲ့ eBay အဖွဲ့ဝင် “ kimberlyk1018 ” အမည်ခံသူက လေလံတင်လိုက်တာ ဝင်ပစ်သူ ( ၁၈၃ ) ယောက်ရှိပြီး ( ၃ ) ရက်အတွင်း အနည်းဆုံး ( ၉၄၈ဝဝ ) ဒေါ်လာပေးမှ ဝယ်လို့ရပါလိမ့်မယ်။
.
ဒီလောက်ပေးဝယ်ရတဲ့ အကြောင်းက ဖုန်းထဲမှာ iOS 8 ဆော့ဝဲလ် လည်ပတ်နေပြီး Developer တွေ အလုပ်လုပ်ထားတဲ့ " true developer mode ” ရှိနေသေးတယ်လို့ ဆိုပါတယ်။ လေလံဝင်ဆွဲသူတွေထဲမှာ Apple ကုမ္ပဏီကိုယ်တိုင် ပါဝင်ကောင်း ပါဝင်နိုင်ပြီး သူ့ရဲ့ဥာဏမူပိုင်ခွင့် တစ်ပါးသူလက်ထဲမရောက်အောင် ကာကွယ်စရာအကြောင်း ရှိနေပါတယ်။
.
ဘယ်ဖုန်း ဘယ်မော်ဒယ်လ် ထွက်ထွက် နည်းနည်းတော့ လှုပ်ခါလိုက်ချင်တဲ့ ပန်းသီး ဆိုတာ အသေအချာပါပဲ။

Ko Nyi Nyi Taunggyi

No comments:

Post a Comment