Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 26, 2014

အသက်ဝင်နေသော အရုပ်လေးများ

1…၁၇၃၀ ခုနှစ် တွင် ရုရှားနိုင်ငံတော် မှ မင်းသမီးတပါးမှ မွေးဖွားလာသည့် သမီးလေးတဦးမှာ ကိုယ်လက်အင်္ဂါ အပြည့်အစုံ ပါမလာခဲ့သဖြင့် မင်းသမီး၏ ကြင်ယာတော်က အမျက်ဒေါသ ထွက်လျှက် ခလေးအား အရှင်လတ်လတ် မီးရှို့ သတ်စေခဲ့သည်။

အမေဖြစ်သူမင်းသမီးက သိလျှင်သိခြင်း မီးကိုအမြန်ငြိမ်းသတ်ခဲ့သော်လည်း နောက်ကျသွားခဲ့ခြေပြီ၊
မီးပုံထဲမှ ယူလာသည့် သေဆုံးနေပြီဖြစ်သည့် ခလေးငယ်အား မပြစ်ရက် သောမိခင်မှာ အထိမ်းတော်များကို လိုအပ်သည့် ပစ္စည်းများရှာခိုင်းကာ အရုပ်ခလေး တရုပ်ဖြစ် အောင် လုပ်ခဲ့ပြီးနောက် ထိမ်းသိမ်းထားခဲ့ရာ ယနေ့ အချိန်ထိအောင် အဆိုပါခလေးရုပ်ခလေးမှာ ပိုင်ရှင်တဦးထံတွင် ရောက်ရှိနေပါသည်။
အဆိုပါခလေးအရုပ်သမိုင်းမှာ လူအရိုးအသားများဖြင့် ပြုလုပ်ထားသဖြင့် အသက်ဝင်နေသည် ဟုသိရပါသည်၊ အဆိုပါအရုပ်ခလေးအား အွန်လိုင်းမှဝယ်ယူမည့် သူက ရုပ်ပုံကို ငါးမိနစ်ခန့် သေခြာစိုက်ကြည့်မိစဉ် မျက်လုံးတဖက်မှိတ်ပြခဲ့သဖြင့် အရောင်းအ၀ယ်မဖြစ်ခဲ့ဟုဆိုသည်။

၂-ချယ်ရီ
ချယ်ရီ လို့ အမည်ပေးထားတဲ့ အရုပ်ခလေးပိုင်ရှင်ကတော့ ၀ိညာဉ်တခုဝင်ပြီး ကပ်နေတယ်လို့  ဆိုပါတယ် သူမပြောတာကို လက်တွေ့ ပြလိုတာကြောင့် အရုပ်ခလေးကို ထိုင်ခုံပေါ် တင်ပြီး၂၄နာရီမှတ်တမ်း ကင်မယာနဲ့  ရိုက်ကူးနေရင်း ည၂နာရီအကျော်လောက်မှာ ရိုက်ကူးနေတဲ့သူ အိမ်ငိုက်နေတုံး အိမ်တွင်းက TV က အလိုလိုပွင့်လာလို့ လန့် နိုးခဲ့ပါတယ်
အရုပ်ခလေးကတော့ ထိုင်ခုံပေါ်ကနေ ပြုတ်ကျနေတာတွေ့ ရတယ်၊ ဒါနဲ့ မနက်မိုးလင်းမှာ ရိုက်ထားတဲ့မှတ်တမ်းကို ပြန်အကြည့်မှာ…..အရုပ်မလေး ထိုင်ခုံကနေထသွားလိုက်တာကို တွေ့ ရလို့  အလွန် ကြောက့်လန့် သွားခဲ့ရတယ်လို့ ဆိုတယ်။


၃-မန်ဒီ
ဒီအရုပ်ခလေးကတော့ ပိုင်ရှင်က ပြတိုက်မှာလှူခဲ့တာပါ -၁၉၉၁ ခုနှစ်လောက်က ပြတိုက်ည စောင့်တဦးဟာ ညအချိန်မတော် မြေအောက်ခန်းက ခလေးငိုသံကြားရလို့ အောက်ဆင်းကြည့် ပါတယ်-လှေကားနေ ဓါတ်မီးနဲ့ ထိုးကြည့်တော့ အဖြူရောင်ဝတ်စုံနဲ့ ခလေးတယောက် ပြေးလွှားနေတာမြင်ခဲ့ရတယ် ၊ လိုက်ဖမ်းလို့ လဲမရဘူးတဲ့၊ ဒါနဲ့  မနက်ပိုင်းမှ ၀န်ထမ်းတွေနဲ့ ဆင်း၇ှာတော့ လဲနေတဲ့ခလေး အရုပ်လေးတွေ့ ရပါတယ် ၊ သူကတော့ မန်ဒီပါဘဲ ပြန်ယူလာပြီး သူနေရာမှာပြန်ထားခဲ့သော်လည်း မကြာမှီညတွေမှာ သူ့ အလိုလို ဆင်းပြီးအောက်မှာ ဆော့နေလို့  ညစောင့်တွေ ထိတ်လန့် ခဲ့ရတာကြောင့် ခုတော့ သံတခါးနဲ့  သော့ခတ်ပြီး ထားရတယ်လို့ ဆိုပါတယ်။

Credit: min burma

No comments:

Post a Comment