Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 2, 2014

အလုပ်ကပြုတ်ပြီးနောက် လုပ်ဖော်ကိုင်ဖက်အမျိုးသမီးများအား ခေါင်းဖြတ်သတ်၊ ဓါးဖြင့်ထိုးသူ

အမေရိကန်ပြည်ထောင်စု Oklahoma ရှိ Moore က အစားအသောက် ရောင်းချသည့်ဆိုင်တွင် အလုပ်လုပ်ခဲ့သော အသက်(၃၀)နှစ်အရွယ် အလုပ်သမားတစ်ဦးသည် ၎င်းအလုပ်ပြုတ်ပြီးနောက် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်၍ အခြားလုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးအားလည်း ဓါးဖြင့် ထိုးခဲ့သည်ဟု သိရသည်။


အသက်(၃၀)နှစ်အရွယ် Alexander Nolen ဆိုသူက ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် အသက်(၅၄)နှစ်အရွယ် Colleen Hufford ကို ခေါင်းဖြတ်သတ်ခဲ့ပြီး အသက်(၄၃)နှစ်အရွယ် Traci Johnson ကို ဓါးဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Vaughan Foods store တွင် အလုပ်လုပ်သည့်သူဟာ ၎င်းအလုပ် ပြုတ်ပြုတ်ချင်း တနေ့တည်းမှာပင် ယင်းပြစ်မှုကို ကျူးလွန်ခဲ့တာဖြစ်၍ ၎င်းအား Vaughan Foods Firm ၏ CEO လဲဖြစ် ရဲလက်ထောက်လဲဖြစ်သူ Mark Vaughan က သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရသည်။
Alexander Nolen ဟာ ပြစ်မှုကျူးလွန်နေစဉ် အစ္စလာမ်ဘာသာစကားဖြင့် စကားစုပြောဆိုရေရွတ်ခဲ့ကာ ယင်းစကားစုဟာ အစ္စလာမ်ဘာသာဝင်များ အသက်သတ် ၊ အသားဖျက်ရာတွင် ရွတ်ဆိုသည့် စကားစုဖြစ်ကြောင်း FBI မှ စုံစမ်းသိရှိခဲ့သည်။
ခရစ်ယာန်ဘာသာဝင်အဖြစ်မှ အစ္စလာမ်ဘာသာဝင်အဖြစ်သို့ ဘာသာကူးပြောင်းခံယူခဲ့သူဖြစ်သည့် Alexander Nolen က ပြစ်ဒဏ်ပေးခြင်းဟာ လက်ခံစရာဖြစ်သည်ဟု အစ္စလာမ်ဘာသာမှ သင်ကြားခဲ့သည်ဟုလည်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဆိုခဲ့သည်။
Mark Vaughan က သေနတ်ဖြင့် မပစ်ခတ်ခဲ့ပါက ဆက်လက်ပြစ်မှုကျူးလွန်ဟန်ရှိသည့် Alexander Nolen ဟာ လုပ်ဖော်ကိုင်ဖက်များအား အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိသွားခဲ့သော Alexander Nolen ဟာ ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူကာ ယခုအခါ စိတ်ချရသည့် အခြေအနေရှိကာ ရဲတပ်ဖွဲ့ဝင်များက ၎င်းအား စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment