Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 26, 2014

ပုဂ္ဂလိကဆန်စက် လျှပ်စစ်ဓါတ်အားပေး မီးကြိုးမှ လူလေးဦး ဓာတ်လိုက်သေဆုံး



အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၄

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့ နယ် ကျွဲခြံကျုံလမု ကျေးရွာအုပ်စု ကျွဲခြံကျုံလမု ကျေးရွာတွင် အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီခန့် က ကျေးရွာအတွင်း မီးပေးထားသော မီးကြိုးမှ လူ(၄)ဦးဓာတ်လိုက် သေဆုံးကြောင်း သစ်ထူးလွင်မှ သိရသည်။

ဖြစ်ပွားပုံမှာ ကျွဲခြံကျုံလမုကျေးရွာ နေ ဒေါ်အေးမူ၏ နေအိမ်ရှေ့ ၌ မောင်မင်းထက်ကျော်(၁၁)နှစ်သည် မပန်းအိဖြိုး (၃) နှစ် အားချီ၍ နေအိမ်မှ အထွက်တွင် ကျေးရွာအတွင်း ဦးဝင်းကြည် ၏ သီရီရွှေစင် ဆန်စက်မှ အခကြေးငွေဖြင့် မီးပေးထားသော ဓာတ်ကြိုး အောက်အရောက်တွင် အဆိုပါ ကလေးငယ်(၂)ဦးလဲကျသွား
သည်ကို မလှသူဇာ မှမြင်တွေ့ ၍အော်သဖြင့် မပန်းအိဖြိုး ၏ မိခင်ဖြစ်သူ မဝင်းသူဇာမှ လဲကျနေသူများအား သွားဆွဲခဲ့ကြောင်း ဆက်လက်ပြီး ဒေါ်လှမြင့် ၊ဒေါ်အေးမူ နှင့် မောင်မျိုးသူရအောင် တို့ ပါဝင်ဆွဲရာ မှ အဆိုပါ (၆)ဦးစလုံး ဓါတ်လိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်လိုက်မှုကြောင့် ဒေါ်လှမြင့် (၆၀)နှစ် ၊ဒေါ်အေးမူ (၅၀)နှစ် ၊မျိုးသူရအောင် (၂၅)နှစ် ၊မဝင်းသူဇာ (၂၈)နှစ် တို့ (၄)ဦးသေဆုံး၍ မင်းထက်ကျော် (ယာလက် စုတ်ပြဲဒဏ်ရာ) ၊မပန်းအိဖြိုး (ဝဲဘက် လောင်ကျွမ်းဒဏ်ရာ) ၊ဖြိုးမင်း(ဝဲဘက် စုတ်ပြဲဒဏ်ရာနှင့်ယာခြေ ထုံကျင်ဒဏ်ရာ)များရရှိကာ မော်ကျွန်းကုတင် (၁၀၀) ပြည်သူဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စုံးစမ်းစစ်ဆေးနိုင်ရန် မြတ်သာနယ်မြေ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရသည်။

သစ်ထူးလွင်

No comments:

Post a Comment