အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၄
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၃၁ ယာဉ်လိုင်းတွင် အမျိုးသမီးသီးသန့်ကားများ ကို အောက်တိုဘာ ၂၇ ရက် တွင် စတင်ပြေး ဆွဲ မည်ဟု ၃၁ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ဦးကိုကိုနိုင်က မဇ္ဈိမကို ပြောသည်။
အမျိုးသမီးသီးသန့်ယာဉ်ပြေးဆွဲရန် ၃၁ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်များက စီစဉ်ပေးခြင်းဖြစ်ကာ လက်ရှိတွင် အမျိုး သမီးသီးသန့်ယာဉ် ငါးစီးဖြင့် စတင်မည်ဖြစ် သည်။
ပြေးဆွဲရာတွင် တောင်ဥက္ကလာ ဘေလီကားဂိတ်မှ စတင်ပြေးဆွဲမည်ဖြစ်ပြီး နံနက်၇နာရီ ၂၀မိနစ်မှ စတင်ကာ နံနက် ၈နာရီ ၂၀မိနစ်အထိ ယာဉ်တစ်စီးနှင့် တစ်စီးအကြားတွင် ၁၅မိနစ်တစ်ကြိမ် ခြားကာ ယာဉ်ငါးစီးဖြင့် စတင်ပြေးဆွဲမည်ဖြစ်သည်။ ယင်းအပြင် ညနေပိုင်းတွင်လည်း ညနေ ၄နာရီခွဲမှ ၅နာရီခွဲအထိ ယာဉ်တစ်စီးနှင့် တစ်စီးအကြား ၁၅မိနစ် တစ်ကြိမ် ခြားကာ ပြေးဆွဲပေးမည်ဖြစ်သည်။
ယင်းကဲ့သို့ မနက်ပိုင်းနှင့် ညနေပိုင်း အချိန်များတွင် ပြေးဆွဲရခြင်းမှာ ရုံးတက်၊ ရုံးဆင်းချိန်များတွင် အမျိုးသမီး များလုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန်နှင့် မသမာသူ များကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကင်းဝေးစေရန် ပြေးဆွဲ ပေးခြင်းဖြစ်သည်ဟုလည်း ဦးကိုကိုနိုင်က ဆိုသည်။
ဦးကိုကိုနိုင်က "နှစ်ရာနဲ့ ပြေးနေတဲ့ ပါရမီယာဉ်တွေတောင် ရှုံးနေတာ။ယာဉ်ပိုင်ရှင်တွေကလဲရှုံးမယ်ဆိုတာသိရက်နဲ့အမျိုးသမီးလေးတွေအလုပ်သွား၊အလုပ်ပြန် စိတ်ချလုံခြုံစွာနဲ့စီးနိုင်အောင် ပြေးဆွဲပေးတာပါ" ဟု မဇ္ဈိမကို ပြောသည်။
တောင်ဥက္ကလာ ဘေလီကားဂိတ်မှ တောင်ဥက္ကလာ(မေတ္တာလမ်း) ၊ ၁၄/ ၁၅လမ်းဆုံ ၊ ရတနာလမ်း ၊ ကျောက်ကုန်း ၊ တာမွေ(အထက ၃) ၊ တာမွေဈေးဗလီ( တာမွေအခွန်လွတ်ဈေးဘက်) ၊ ယုဇနပလာဇာ ၊ မင်္ဂလာဈေး ၊ ပုဇွန်တောင်ဈေး ၊ လမ်း၅၀ ၊ အနော်ရထာလမ်းမှ ဘုန်းကြီးလမ်းစံပြ မှတ်တိုင် အထိ ပြေးဆွဲပေး မည်ဖြစ်သည်။
အမျိးသမီးသီးသန့်ယာဉ်လိုင်းအတွက် ယာဉ်စီးခပုံသေအဖြစ် ငွေကျပ်၂၀၀ကို သတ်မှတ်ပေးရန်ယာဉ်ပိုင်ရှင်များက တင်ပြခဲ့ရာ အစိုးရအဖွဲ့ကယာဉ်စီးခ ပုံသေ ငွေကျပ်၂၀၀ သတ်မှတ်ခြင်းကို ခွင့်မပြုခဲ့ပေ။ ငွေကြေးတွက်ခြေမကိုက်နိုင်သည့် အနေအထားကြောင့် အမျိုးသမီးယာဉ်လိုင်းသီးသန့် ပြေးဆွဲရန် အခြားယာဉ် ပိုင်ရှင်တစ်ချို့ကစိတ်ဝင်စားမှုနည်းပါးနေသည်။
လက်ရှိပြေးဆွဲမည့် ငွေကြေးအရှုံးအမြတ်ပေါ်မူတည်၍ အခြားမြို့နယ်များတွင်လည်း တိုးချဲ့ပြေးဆွဲမှုများ ရှိလာ နိုင်သည်ဟု ဦးကိုကိုနိုင်က ပြောသည်။
အမျိုးသမီးသီးသန့်ယာဉ်လိုင်းများ ပြေးဆွဲပေးရန် အတွက် တိုင်းအစိုးရအနေဖြင့် ကန့်ကွက်ရန် သို့မဟုတ် ဟန့်တားရန် ရှိ၊ မရှိကို ဗဟန်းမြို့နယ်မှ တိုင်းလွှတ် တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ စက်တင်ဘာလအတွင်း တိုင်းလွှတ်တော်၌ မေးခွန်းထုတ်ခဲ့ရာ ယာဉ်လိုင်းပိုင်ရှင်များ ဆန္ဒရှိမည်ဆိုပါက ကန့် ကွက်မည်မဟုတ်ဘဲ အမြန်ဆုံးပြေးဆွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြန် လည် ဖြေကြား ထား သည်။
ပြီးခဲ့သည့်တစ်နှစ်ကျော်အတွင်း ယာဉ်လိုင်း ငါးခုက ယာဉ်လိုင်းတစ်ခုလျှင် နှစ်စီးနှုန်းဖြင့် အမျိုးသမီးသီးသန့် ဘတ်စ်ကား ၁၀ စီးဖြင့် ရုံးနှင့်ကျောင်း တက်/ဆင်း ချိန်များတွင် ပြေးဆွဲခဲ့သော်လည်း တွက်ခြေမကိုက်သဖြင့် ခြောက်လခန့်ပြေးဆွဲပြီး ရပ်နားခဲ့သည်။
Mizzima
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 26, 2014
၃၁ ယာဉ်လိုင်းတွင် အမျိုးသမီးသီးသန့် ဘတ်စ်ကားများ အောက်တိုဘာ ၂၇ရက်တွင် စတင်ပြေးဆွဲမည်
၃၁ ယာဉ်လိုင်းတွင် အမျိုးသမီးသီးသန့် ဘတ်စ်ကားများ အောက်တိုဘာ ၂၇ရက်တွင် စတင်ပြေးဆွဲမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 26, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 26, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment