Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 19, 2014

သမ္မတအိုဘားမား၏ ခရီးစဉ်အတွင်း နေပြည်တော်တွင် တည်းခိုရန် ဟိုတယ်သုံးလုံးကို အဆိုပြုထားဟုဆို


အိုဘားမား တည်းခိုရန် တောင်းဆိုထားသည့် Hilton Nay Pyi Taw နှင့် သင်္ဂဟဟိုတယ်တို့ မှာ ဧဒင်ကုမ္ပဏီအုပ်စုပိုင်ဟိုတယ် များဖြစ်ပြီး Kempinski Hotel မှာ ကမ္ဘောဇကုမ္ပဏီအုပ်စုက ပိုင်ဆိုင် သော ဟိုတယ်များဖြစ်သည်။
ကမ္ဘောဇကုမ္ပဏီအုပ်စုပိုင် ဟိုတယ်အား ဂျာမနီအခြေစိုက် Kempinski ဟိုတယ်စီမံခန့်ခွဲမှု ကုမ္ပဏီအုပ်စုမှ စီမံခန့်ခွဲမှုပိုင်း တာဝန်ယူဆောင်ရွက်ထားခြင်း ဖြစ်ပြီး ဧဒင်ကုမ္ပဏီပိုင်ဟိုတယ် အား အမေရိကန်အခြေစိုက် Hilton World Hotel ကုမ္ပဏီက စီ မံခန့်ခွဲမှုပိုင်း တာဝန်ထားပြီး အောက်တိုဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
 ‘‘အိုဘားမားတည်းဖို့အ တွက် အောက်တိုဘာလဆန်း လောက်က ဝါရှင်တန်က လူအ ယောက် ၄၀ လောက် လာလေ့ လာသွားတယ်’’ဟု Hilton Nay Pyi Taw ဟိုတယ်နှင့် သင်္ဂဟဟို တယ်ပိုင်ရှင် ဦးချစ်ခိုင်ကပြော သည်။
အိုဘားမားအစိုးရလက် ထက်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် သင်္ဂဟဟိုတယ်၌ တည်းခိုသွားခဲ့ပြီး ယခုနှစ် သြဂုတ်လအတွင်း လာရောက်ခဲ့ သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဦးဇော်ဇော်ပိုင် ဟိုတယ်၌ တည်းခိုသွားခဲ့ သည်။
http://www.7daydaily.com/story/23096#.VEOfU_nF_uI

No comments:

Post a Comment