CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 27, 2014
ပဒေါင်တိုင်းရင်းသားတွေနဲ့တွေ့ဆုံခဲ့တဲ့ မိုးစက်ဝိုင်
Byဇွဲဉာဏ်
ဓာတ်ပုံ−မိုးစက်ဝိုင် Fan Page
ကယားပြည်နယ်တွင် သွားရောက် ရိုက်ကူးခဲ့သော Amazing Cities အစီအစဉ်၌ ရိုးရာဝတ်စုံများဝတ်ဆင်၍ ရိုက် ကူးခဲ့ရပြီး ပဒေါင်တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံခဲ့ရကြောင်းမိုးစက်ဝိုင်ကပြောသည်။
‘‘ရှေးဟောင်းကယားဝတ်စုံ တွေဝတ်ပြီးရိုက်ခဲ့တယ်။ တိုင်းရင်း သားဝတ်စုံတွေက စိတ်ဝင်စားဖို့ ကောင်းတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်းမတူဘူး။ ခုချိန် ထိ ၀တ်ဖူးသမျှထဲမှာ မိုးစက်သတိ ထားမိတာတစ်ခုကတော့ ခေါင်း ကနေ ခြေထောက်အထိတန်ဆာ ပလာလေးတွေပါတယ်’’ဟု မိုးစက်ဝိုင်ကရိုးရာဝတ်စုံများဝတ် ဆင်ရခြင်းနှင့်ပတ်သက်၍ ၎င်း၏ ခံစားချက်ကိုပြောသည်။
‘‘ပဒေါင်လူမျိုးတွေနဲ့ စကား ပြောတော့ သူတို့ရဲ့ ရိုးရာသံကွင်း စွပ်တာ သိပ်မရှိတော့ဘူးလို့ပြော တယ်။ လည်ပင်းမှာသံကွင်းတွေ အများကြီးစွပ်ထားတဲ့လူကြီးတစ် ယောက်ကို ရိုးရာဓလေ့ကိုထိန်း သိမ်းနိုင်ပါစေလို့ဆုတောင်းပေး ပါတယ်လို့ပြောတော့ သူကသေ တဲ့အထိ ထိန်းသိမ်းမယ်တဲ့။ အဲဒီ လိုပြောတော့ မိုးစက်တောင်စိတ် မကောင်းဘူး’’ဟု မိုးစက်ဝိုင်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက အကူအညီတောင်းသောကြောင့်တွံတေးဘက်ရှိ အိုးလုပ်ငန်းများကို နန်း ခေးမားနှင့်အတူ မော်ဒယ်အနေဖြင့် သွားရောက်ကူညီပေးခဲ့ သည်ဟု မိုးစက်ဝိုင်ကပြောသည်။
အိုးလုပ်သည့် သဘာဝပေါ် စေရန် တစ်ကိုယ်လုံးကို ရွှံ့များ သုတ်၍ ရိုက်ကူးခဲ့ရပြီးဓာတ်ပုံဆ ရာနှစ်ဆယ်ခန့်က ရိုက်ကူးခြင်း ဖြစ်သောကြောင့် ကြိုးစား၍ကိုယ် ဟန်ပြခဲ့ရသည်ဟုဆိုသည်။
လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့်ကြော်ငြာများ ရိုက်ကူးရန်အစီအစဉ်ရှိပြီး ဇာတ် ကားရိုက်ကူးရေးအတွက်ကိုမူ ညှိ နှိုင်းနေဆဲသာဖြစ်ကြောင်းမိုးစက် ၀ိုင်ကပြောသည်။
7Day Daily
ပဒေါင်တိုင်းရင်းသားတွေနဲ့တွေ့ဆုံခဲ့တဲ့ မိုးစက်ဝိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 27, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 27, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment