Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 27, 2014

ဆီလီကွန်တောင်ကြားမှ အမျိုးသမီးဝန်ထမ်းများအတွက် ကမ်းလှမ်းချက်အသစ်





အင်တာနက် ကုမ္ပဏီကြီး Yahoo က မာရီဆာမေယာကို အမှုဆောင်အရာရှိချုပ်အဖြစ် အမြဲတမ်းအလုပ်အတွက် ခန့်စာပေးပို့လာသော အချိန်က သူ့တွင် ကိုယ်လေး လက် ဝန်နှင့် ဖြစ်ပါသည်။
အသက် ၃၇ နှစ်ရှိပြီဖြစ်သော အင်တာနက်ရှာဖွေရေး ကုမ္ပဏီကြီး ဂူးဂဲလ်၏ အမှုဆောင်အရာရှိဟောင်းဖြစ်သူ မေယာက ရာဟူး၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ချက်ချင်း အလုပ်ဝင်ခဲ့သည်။ နေ့စေ့ရက်စေ့ မွေးဖွားမည့် အချိန်အထိ သူမ အလုပ်ထဲမှာ ရှိနေခဲ့သည်။ မွေးဖွားပြီး သီတင်းပတ်အနည်း ငယ်အကြာတွင် သူ၏အလုပ်ခန်းထဲ သို့ ပြန်ေ ရာက်နေပြီ။
အလုပ်ခန်းထဲတွင် သူ၏ မွေးကင်းစကလေးအတွက် အသုံးအဆောင်အပြည့်အစုံ ဆင်ယင်ထားသော နေရာလေးတစ်ခုကို ကုမ္ပဏီက အသင့်စီစဉ် ပေးထား သည်။ မေယာ့လက်အောက်မှ အမျိုးသမီးဝန်ထမ်းများကတော့ ထိုအခွင့်အရေး မရပါချေ။ သို့သော် သာမန်မီးဖွားခွင့် သီတင်းပတ် နှစ်လအစား လေးလအထိ ခံစားခွင့်ရကြ သည်။ ဆိုလိုချင်သည်က အမေရိက စီးပွားရေးလောက၏ ဦးဆောင်အခန်းကဏ္ဍအထိ တက်လှမ်းလိုပြီး မိခင်တစ်ဦးလည်းဖြစ် လိုသည့် အမျိုးသမီးတစ်ဦးအနေဖြင့် ချင့်ချိန်စဉ်းစားရမည့် အရာများကို မေယာ၏ ဖြစ်ရပ်က မီးမောင်းထိုးပြနေပါသည်။ အမေရိက၏ ကမ္ဘာကျော် ဆီလီကွန်တောင်ကြားတွင် လူဖြူအမျိုးသားများ လွှမ်းမိုး ထား သည်က လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါ။ ဆီလီကွန်တောင်ကြားအခြေစိုက် ကမ္ဘာကျော် Apple နှင့် Facebook ကုမ္ပဏီတို့တွင် အမျိုးသမီးဝန်ထမ်းအင်အားက ၃ဝ ရာခိုင်နှုန်းသာရှိသည်။ Facebook ၏ အိုင်တီဌာနတွင် အမျိုးသမီးဝန်ထမ်း ၁၅ ရာခိုင် နှုန်းသာရှိသည်ဟု သိရသည်။
ထို့ကြောင့် Apple နှင့် Facebook တို့က အဆင်ပြေသော အချိန်ကာလတွင် သားသမီးရယူလိုသော အမျိုးသမီးဝန်ထမ်းများအတွက် ပုံမှန်လုပ်အားခအပြင် အပိုခံစားခွင့် တစ်ခုကိုပါ ဖန်တီးပေးလာသည်။ ယင်းအထူးခံစားခွင့်ကတော့ မမျိုးဥများ အေးခဲထိန်းသိမ်းပေးထားခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ထားခြင်းဖြင့် မီးဖွားခွင့်မယူ ရသဖြင့် လုပ်ငန်းခွင်မထိခိုက်သလို နောင်တစ်ချိန် အဆင်ပြေသောကာလတွင် သားသမီး ရယူရန်အတွက် အဆင်သင့်ဖြစ်နေသော ကာလတွင် မျိုးဥများအဆင်သင့် ရှိနေစေမည်ဖြစ်သည်။ အသက်ငယ်ရွယ်သော ကာလတွင် ရယူထိန်းသိမ်းထားသော မမျိုးဥ သည်သန္ဓေအောင်နိုင်ခြေမြင့် မားသည်ဟု လည်း ဆေးပညာ ဘာသာ ရပ်က ညွှန်းဆိုနေသည်။
အမေရိကတွင် နောင်တစ်ချိန်အသုံးပြုနိုင်ရန်အတွက် ထိုကဲ့သို့ မမျိုးဥကို အေးခဲထိန်းသိမ်းထားသူများ တိုးပွားလာနေသည်ကို ကိန်းဂဏန်းများက ညွှန်းဆိုနေကြသည်။ မမျိုးဥ ထိန်းသိမ်းထားသူ အမျိုးသမီးများ၏ ၈၈ ရာခိုင်နှုန်းက ကလေးမွေးရန်အတွက် သင့်တော်သောအဖော်၊ တစ်နည်းသင့်တော်သော အိမ်ထောင် ဖက်ရှာမတွေ့ကြေ သာကြောင့်ဟုဆို သည်။ လေးပုံတစ်ပုံကသာ လုပ်ငန်းခွင်ကြောင့်ဟု အကြောင်းပြကြသည်။
သို့ရာတွင် Apple နှင့် Facebook တို့ကဲ့သို့သောကုမ္ပဏီကြီးများက အရည်အသွေးရှိသော ပါရမီပါသောအမျိုးသမီး ဝန်ထမ်းငယ်များကို ထိန်းသိမ်းထားနိုင်မည့် လုပ်ငန်း ခွင်နှင့် မိသားစုဘဝ မျှတအောင်မြင် ပျော်ရွှင်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြသည်။ ဆီလီကွန်တောင်ကြားက နည်း ပညာကုမ္ပဏီကြီးများက အခြား အမေရိက စီးပွားရေး လုပ်ငန်းများထက် လုပ်ငန်းခွင်နှင့် မိသားစုဘဝမျှတအောင် မြင်ပျော်ရွှင်ရေး ကမ်းလှမ်းမှုများ ပိုမို လုပ်ဆောင်ရန် ကြံစည်ထားကြသည်။
အမေရိကန် ကုမ္ပဏီအချို့ကသာ ဝန်ထမ်းများကို လစာပြည့် မီးဖွားခွင့် ခံစားခွင့်ပေးကြသည်။ ဥပဒေအရ အလုပ်ရှင်များက မီးဖွားမည့်ဝန်ထမ်းကို လစာမဲ့ခွင့် သုံးလခံစား ခွင့်ပေးရန်လိုပြီး ထို့ နောက်တွင်လုပ်ငန်းခွင်ပြန်ဝင်စေသည်။ Apple နှင့် Facebook တို့ရှိ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု ဌာနများ၏ ဦး ဆောင်ကဏ္ဍကို အမျိုးသမီးများက စီမံနေကြသည်။ Facebook ၏ Chief Operating Officer ဖြစ်သူ Sheryl Sandberg နှင့် Apple ၏ ကမ္ဘာလုံးဆိုင်ရာလူ့စွမ်းအား အရင်းအမြစ်ဌာန ဒုဥက္ကဋ္ဌဖြစ်သူ Denise Young Smith တို့က အမျိုးသမီးများကို ပိုမိုထောက်ပံ့ပြီး လုပ်ငန်းခွင်တွင် အမျိုးသမီးဝန်ထမ်းများတိုးပွားလာရေး ဆောင်ရွက်ရန် ကတိပြုထားသည်။
သူတို့နှစ်ဦးစလုံးက အမျိုးသားများကြီးစိုးထားရာ ဆီလီကွန် နည်းပညာတောင်ကြားကို အမျိုးသမီးများအတွက် အဆင်ပြေအကျွမ်းတဝင်ရှိသော နေရာတစ်ခုဖြစ် လာစေရ မည်ဟု ဆိုသည်။ ဆီလီကွန်တောင်ကြား၏ ပထမဆုံး အမှုဆောင်အဆင့် အမျိုးသမီး ဝန်ထမ်းမှာ Carol Bartz ဖြစ်သည်။Autodesk နည်းပညာ ကုမ္ပဏီ၏ အမှုဆောင်အဖြစ် သူတာဝန်စထမ်းဆောင်စဉ် ၁၉၉ဝ ပြည့်နှစ်များတွင် ဆီလီကွန်တောင်ကြား၌ အမျိုးသား အမှုဆောင်အရာရှိ ၃ဝဝ ထက်မနည်း ရှိနေသည်။
သူ့ကို ရာထူးတိုးပေးရန်ပြောသောအခါ ဒီနေရာမျိုးမှာ အမျိုးသမီးတွေအတွက်နေရာမရှိဘူးဟု ကုမ္ပဏီက တုံ့ပြန်ခဲ့သည်။ သို့နှင့် သူ့ဆီလီ ကွန်တောင်ကြားကို သူစွန့်ခွာ ခဲ့သည်။ ထို့နောက်တွင် တစ်ဖက်က Sun Microsystems နည်းပညာ ကုမ္ပဏီအမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရင်း မိခင်တစ်ဦးဘဝအဖြစ် ခံယူနိုင်ရေး နည်း လမ်းတစ်ခုကို သူ တွေ့ရှိသွားသည်။
”ဆီလီကွန်တောင်ကြားမှာသာဆက်နေရင် ကျွန်မကလေးယူဖို့ဆိုတာ အတော်လေးကို ခက်ခဲမယ့် အနေအထားပါ”ဟု သူက ပြောသည်။သမီးဖြစ်သူ၏ ကျောင်းက အရေးကြီး အခမ်းအနားများကို သူလက်လွှတ် စရာမလိုခဲ့ဟုဆိုသည်။ အလုပ်အတွက်နှင့် ကလေးယူ နိုင်မည့်အခွင့်အရေးကို လက်လွှတ်မိသည့် အတွက် နောက် တရနေ သူတစ်ဦးကတော့ Lehman Brothers ရင်းနှီးမြှုပ်နှံမှုဘဏ်၏ ဘဏ္ဍာရေး ဆိုင်ရာ အကြီးအကဲ Erin Callan ဖြစ်ပါသည်။ ၂ဝဝ၈ ခုနှစ်တွင် ပြိုလဲသွားသော ယင်း ဘဏ်တွင် အလုပ်လုပ်နေစဉ်က သူ၏ အလုပ်လောဘကြောင့် ကလေးမယူမိခဲ့သည့်အဖြစ်ကို သူ ယခုအထိ နောင်တ ရနေဆဲဟု ဆိုသည်။ ”ကျွန်မလို ဘယ်သူမှ မခံ စားစေချင်ဘူး” ဟု သူက နယူးယောက်တိုင်းမ်သတင်းစာသို့ ပြောသည်။
Apple နှင့် Facebookု တို့၏ မမျိုးဥ အေးခဲထိန်းသိမ်းပေးရေး အစီအစဉ်သည် ကောင်းပင်ကောင်းငြား ဝေဖန်မှုမလွတ်၊ အဘယ့်ကြောင့်ဆိုသော် ယင်းအတွက် ကုန်ကျ စရိတ်က မနည်းလှ၍ဖြစ်သည်။ မမျိုးဥ အေးခဲထိန်းသိမ်းရေး ပြွန်အတွက် ဒေါ်လာတစ်သောင်းနှင့် နှစ်သောင်းကြား ကုန်ကျနိုင်ပြီး ထိန်းသိမ်း စရိတ်က တစ်နှစ် လျှင် ဒေါ်လာ ၅ဝဝ ခန့်ရှိနိုင်သည်။ ထို့အပြင် နောင်တစ်ချိန်အသုံးပြုလျှင် အောင်မြင်မှုတစ်နည်းသန္ဓေ အောင်နိုင်ခြေအတွက် ဘာအာမခံချက်မှ မရှိခြင်းပင်။ ယခုနှစ် အစောပိုင်းက ထုတ်ဝေခဲ့သော Businessweek မဂ္ဂဇင်း၏အဆိုအရ အမေရိကတွင် အေးခဲမမျိုးဥမှ မွေးဖွားယူသော ကလေးငါးထောင် ခန့်ရှိနေသည်ဟု ဆိုသော်လည်း မည်မျှအောင်မြင်ပြီး မည်မျှလူမသိသူမသိ မအောင်မြင်ဖြစ်ခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။
ကျွမ်းကျင်သူများက အေးခဲမမျိုးဥမှ သန္ဓေအောင်နိုင်ခြေမှာ ရာခိုင်နှုန်း ၃ဝ နှင့် ၅ဝ ကြားသာရှိသည်ဟု ဆိုကြသည်။ စင်စစ်ဆိုလျှင် မမျိုးဥအေးခဲ ထိန်းသိမ်းပြီး အနာဂတ် တစ်ချိန်တွင် ကလေးရယူခြင်းမှာ အမေရိကတွင်ပင်အသစ်အဆန်းဖြစ်နေသေးရာ ယင်းနှင့်ပတ်သက်၍ အချက်အလက်အတိအကျ သိနိုင်ရန် ခက်ခဲနေပါသေး သည်။ မည်သို့ဆိုစေ စီးပွားရေးလုပ်ငန်းကြီးများ၏ အမှုဆောင်အရာရှိဖြစ်လိုသူ အမျိုးသမီးများအတွက် အေးခဲမျိုး ဥထိန်းသိမ်းခြင်းက မလုပ်မဖြစ် လုပ်ရမည့်အရာဖြစ်လာနေပြီ။ သူတို့မှာ အလုပ်လုပ်နေစဉ်အတွင်း ကလေးမွေးရန် အချိန်မပေးနိုင်ကြ၍ ဖြစ်ပါသည်။

မြန်မာ့သတင်း

No comments:

Post a Comment