ဓာတ်ပုံ−ဇွဲဉာဏ်
ကျောင်းတက်နေသဖြင့် ဇာတ်ကားရိုက်ကူးရေးနားထား သော်လည်း ဒါရိုက်တာ မောင်မျိုး မင်းရိုက်ကူးမည့် ဇာတ်ကားတွင် မူ ဇာတ်ရုပ်နှစ်သက်သောကြောင့် လက်ခံရိုက်ကူးမည်ဟု ယွန်းယွန်း က ပြောသည်။
‘‘အောင်သီရိထုတ်လုပ်ရေး က ငယ်ငယ်ကတည်းကလည်း ရိုက်ပေးခဲ့တယ်။ အဲဒါကြောင့် သူ တို့လိုအပ်တဲ့အချိန် တခြားလူတွေ ကို လက်မခံပေမယ့် ဒါရိုက်တာ ကလည်း ဦးမျိုးမင်းဖြစ်တယ်၊ ဇာတ်လမ်းလေးကလည်း အဆင် ပြေတဲ့အတွက် လက်ခံဖြစ်တာ ပါ’’ ဟု ယွန်းယွန်းက ပြောသည်။
ယင်းဇာတ်ကားကို အောက် တိုဘာ ၁၄ ရက်တွင် စတင်ရိုက် ကူးမည်ဖြစ်ပြီး ပြေတီဦး၊ စိုးမြတ်သူ ဇာတို့၏သမီး ဆယ်တန်းကျောင်းသူ နေရာတွင် သရုပ်ဆောင်ရ မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘မောင်နှမသုံးယောက်ထဲ မှာ သမီးကြီးနေရာက သရုပ် ဆောင်ရမယ်။ မိဘတွေ ကွဲသွား တဲ့အခါ ပြန်အဆင်ပြေအောင် လုပ်ပေးရတဲ့ ကာရိုက်တာလေး ပါ’’ ဟု ယွန်းယွန်းက ပြောသည်။
လက်ရှိအချိန်တွင် ခေါင်း ဆောင်အနေဖြင့် ကမ်းလှမ်းမှု များရှိသော်လည်း ယခင်ရိုက်နေ ကျ ကာရိုက်တာများဖြစ်သော ကြောင့် လက်မခံဖြစ်ဘဲ ယခုရိုက် ကူးမည့် ကားများမှာ လက်ရှိအ သက်အရွယ်နှင့် လိုက်ဖက်မှုရှိပြီး ဇာတ်ကောင်စရိုက်လည်း ထူး ခြားသောကြောင့် အမှတ်တရအ နေဖြင့် ရိုက်ကူးခြင်းဖြစ်ကြောင်း ယွန်းယွန်းက ပြောသည်။
အနုပညာလှုပ်ရှားမှုအနေ ဖြင့် ဗီဒိယိုဇာတ်ကားများ ထပ်မံ ရိုက်ကူးရန် လက်ခံထားခြင်းမရှိ ဘဲ ကြော်ငြာများ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆို သည်။
7 day daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 14, 2014
ရိုက်ကူးရေး နားထားပေမယ့် ဇာတ်ရုပ်ကြိုက်လို့ လက်ခံ ရိုက်မယ့် ယွန်းယွန်း
ရိုက်ကူးရေး နားထားပေမယ့် ဇာတ်ရုပ်ကြိုက်လို့ လက်ခံ ရိုက်မယ့် ယွန်းယွန်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 14, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 14, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment