Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 11, 2014

မြန်မာနှစ်ဦးအမှု ပြန်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ရခိုင်ကွန်ရက် တောင်းဆို


ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို သုံးသပ်စစ်ဆေးပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကို ရခိုင်အမျိုးသားကွန်ရက်က မြန်မာနိုင်ငံ ထိုင်းသံရုံးက တစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာမှာ အချက် ၃ ချက်ကို တောင်းဆိုထားတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ဦးတင်ထူးအောင်က ပြောပါတယ်။

"ဒီအမှုဖြစ်နေတဲ့နေရာဟာ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့နေရာဖြစ်တယ်၊ မာဖီးယားတွေ ကြီးစိုးရာအရပ်မှာ ဖြစ်ပွားခဲ့တယ်၊ ဒါကြောင့် အဂတိလိုက်စားမှုတွေ အများကြီးရှိနိုင်တယ်၊ ဒါကြောင့် တရားခံအစစ်အမှန်တွေကို အမြန်ဆုံးဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်ပေးဖို့၊ ဒီအမှုဖြစ်စဉ်တွေဟာ အများကြီးလေးနက်သလို နိုင်ငံ ၃ နိုင်ငံ ပါဝင်ပတ်သက်နေတဲ့ အရေးကိစ္စဖြစ်တယ်၊ အဲဒါကြောင့် နိုင်ငံ ၃ နိုင်ငံမှာရှိတဲ့ အစိုးရတွေအနေနဲ့ အခုထက်ပိုပြီးတော့ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆိုတဲ့အချက်တွေကို ကျနော်တို့ ထည့်သွင်းဖော်ပြထားတယ်"

ရခိုင်အမျိုးသားကွန်ရက်က အဲဒီအိတ်ဖွင့်ပေးစာကို သက်ဆိုင်ရာ သံရုံးကတစ်ဆင့် ဗြိတိန်ဝန်ကြီးချုပ်ထံ ပေးပို့မှာဖြစ်သလို ကုလသမဂ္ဂ အဖွဲ့အစည်းတွေကိုပါ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment