Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 10, 2014

သယံဇာတတွေ တရုတ်နဲ့ထိုင်း ခိုးလို့ကုန်ပြီဟု ဦးခင်ညွှန့်ပြော

(ဓာတ်ပုံ – မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံက သယံဇာတများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့က ခိုးထုတ်နေသည်မှာ ကုန်နေပြီဟု ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွှန့်က ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

“သယံဇာတတွေက ခိုးထုတ်နေတာကွ။ တို့ဆီက ကျွန်းသစ်တွေ၊ သစ်တောတွေ အကုန်ပျက်စီးကုန်ပြီး မရှိတော့ဘူး။ နယ်စပ်ကဟာတွေ အကုန်မရှိတော့ဘူး။ ခိုးထုတ်နေတဲ့ဟာတွေမှာ အပေါင်းအသင်းတွေ ဖြစ်နေတာ။ အစိုးရမှာဘက်ဂျက်ရလား၊ မရဘူး။ အခွန်မရဘူး။ အများဆုံးခိုးနေတာက တရုတ်ကလည်း ခိုးနေတယ်။ ထိုင်းကလည်း ခိုးနေတယ်။” ဟု ဦးခင်ညွှန့်က သူ၏ အင်တာဗျူးတွင် ပြောထားသည်။
သံယံဇာတပိုင်းနှင့် ပတ်သက်၍ ပြောကြားသည့် အပြည့်အစုံမှာ …..

“သယံဇာတတွေက ခိုးထုတ်နေတာကွ။ တို့ဆီက ကျွန်းသစ်တွေ၊ သစ်တောတွေ အကုန်ပျက်စီးကုန်ပြီး မရှိတော့ဘူး။ နယ်စပ်ကဟာတွေ အကုန်မရှိတော့ဘူး။ ခိုးထုတ်နေတဲ့ဟာတွေမှာ အပေါင်းအသင်းတွေ ဖြစ်နေတာ။ အစိုးရမှာ ဘက်ဂျက်ရလား၊ မရဘူး။ အခွန်မရဘူး။ အများဆုံးခိုးနေတာက တရုတ်ကလည်း ခိုးနေတယ်။ ထိုင်းကလည်း ခိုးနေတယ်။ ခိုးတာသက်သာတာက အန္ဒိယက နည်းနည်း သက်သာတယ်။ ဘင်္ဂလားဒေ့ရှိကလည်း သက်သာတယ်။ နတ်မြစ်ကြီး ခြားနေတဲ့အတွက်။ နောက်ပြီး သူတို့ဘက်မှာလည်း အဖိုးတန်တဲ့ သယံဇာတတွေ၊ ကျွန်းသစ်တွေ မရှိဘူးကွ။ ကဘော်မှာပဲ ရှိတယ်။ ကဘော်ချိုင့်ဝှမ်း ခဏခဏ ရောက်တာပေါ့။ အဲ့ဒီမှာလည်း ကုန်သလောက်ဖြစ်နေပြီ။ သူကကျွန်းတောနည်းတာကိုး။ များတာကတော့ ထိုင်းဘက်မှာများတယ်။ တရုတ်ဘက်မှာများတယ်။ မရှိတော့ဘူး။ ကုန်သွားပြီ။ ထိုင်းဘက်ကဟာတွေက အဲဒီ့တုန်းက အဲ့ဒီနယ်စပ်တွေ အကုန်ရောက်တယ်။ ကျွန်းတောကြီးတွေ မည်းနေတာပဲ။ ငါအတွင်းရေးမှူး ဖြစ်တဲ့အခါမှာ ဘာမှ မရှိတော့ဘူး”

Mizzima

No comments:

Post a Comment