Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 5, 2014

အေအိုင်ဒီအက်စ်ကို အလဲထိုးနိုင်ခဲ့တဲ့ သိုင်းပညာရှင်


ဖိလစ်ပီပက်ဒူကြောင့် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခံခဲ့ရတဲ့
အမျိုးသမီးတွေထဲမှာ ဒိုင်နီရိပ်လည်း တစ်ယောက်အပါ အဝင် ဖြစ်ခဲ့ပါတယ်။

သေမင်းနှုတ်ခမ်းဝက လက်မတင် လွတ်မြောက်ခဲ့တဲ့ ဒိုင်နီရိဗ်က လက်တွဲဖော်ဟောင်းဖြစ် တဲ့ ဖိလစ်ပီအတွက် ပြောစရာစကားတစ်ခွန်းရှိနေခဲ့ပါ တယ်။ ဒီစကားကို ဒိုင်နီက Enquirer နဲ့ အင်တာဗျူး မှာ ပြောပြခဲ့ပါတယ်။

ဒိုင်နီက ဖိလစ်ပီကိုပြောချင်တဲ့ စကားတစ် ခွန်းက ''ရှင်ဖြစ်ချင်သလို ကျွန်မမသေခဲ့ပါဘူး'' ဖြစ်ပါ တယ်။ ဖိလစ်ပီနဲ့ ကိုယ်ခံပညာ သိုင်းသင်ကြားပေးသူ ဒိုင်နီတို့ဟာ အွန်လိုင်းပေါ်မှာ တွေ့ဆုံခဲ့ကြပြီး လက်တွဲ ဖြစ်ခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဒိုင်နီကလည်း အရင် အိမ်ထောင်နဲ့ လမ်းခွဲရပ်စဲထားတဲ့အချိန် ဖြစ်ပါတယ်။

ဒိုင်နီဟာ တက္ကဆက်ပြည်နယ်က သိုင်းဆရာတစ်ဦးဖြစ် တဲ့ ဖိလစ်ပီနဲ့ ချစ်ခင်စုံမက်ခဲ့ပြီးနောက်မှာ ကမ္ဘာတစ် ပတ် ခရီးထွက်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ဒိုင်နီ ဟာ ဖိလစ်ပီရဲ့ဖုန်းထဲမှာ တခြားအမျိုးသမီးများရဲ့ ဖုန်း နံပါတ်တွေကို တွေ့ရှိခဲ့ရတာကြောင့် အမျိုးသမီးတွေ နောက် ခြေရာကောက်စုံစမ်းမှုလုပ်ခဲ့ပါတယ်။ ဖိလစ်ပီနဲ့ ပတ်သက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ အေအိုင်ဒီအက်စ် ရောဂါသည်မှန်း သိလိုက်ရတဲ့အခါမှာတော့ ဒိုင်နီတစ် ယောက် အရုပ်ကြိုးပျက်ဖြစ်စေခဲ့ပါတယ်။

ကျွန်မနဲ့တွဲ လာခဲ့တဲ့ တစ်လျှောက်လုံး သူ့မှာ အိပ်ခ်ျအိုင်ဗွီမရှိဘူးလို့ ပြောခဲ့တယ်လို့ Enquirer ကို ဒိုင်နီကပြောပြပါတယ်။

ဒါပေမဲ့ ဆေးစစ်ကြည့်လိုက်တဲ့အခါ ဒိုင်နီဟာ သူကိုယ်တိုင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူတစ် ယောက်မှန်း သိရှိခဲ့ရပါတယ်။ ဆေးစစ်ချက်အဖြေထွက် တော့ ကြမ်းပြင်ပေါ် ကျွန်မဒူး ထောက်ကျသွား ခဲ့တယ်လို့ Enquirer ကို ပြောပြပါတယ်။

ဒါပေမဲ့ ကျွန်မလုပ်နိုင်တာ အားလုံးကို လုပ်ခဲ့တယ်။ အရှုံးပေးချင်နေတဲ့ ကျွန်မရဲ့ မကောင်းတဲ့စိတ်တွေကို ပြောင်းလဲပစ်ခဲ့တယ်လို့ ဒိုင်နီ က သူမရဲ့ အိပ်ခ်ျပိုင်ဗွီရောဂါသည်ဘဝ ခံစားချက်ကို ရင်ဖွင့်ပါတယ်။ အဲဒီကာလမှာပဲ ဖိလစ်ပီဟာ ရာဇဝတ် မှုတစ်ခုအတွက် ထောင်ဒဏ် ၄၅နှစ် ချမှတ်ခံခဲ့ရတယ် လို့ သိရပါတယ်။

အသက် ၆၃နှစ်အရွယ် ရောက်ရှိလာပြီဖြစ် တဲ့ ဒိုင်နီက ယခုအခါ သူမရဲ့ ကိုယ်တွင်းကရောဂါပိုးကို ခုခံတားဆီးနိုင်တဲ့အခြေအနေမှာ ရောက်ရှိနေပြီလို့ သိရ ပါတယ်။

အမျိုးသားများနဲ့ ချိန်းဆိုခြင်းနဲ့ အိပ်ခ်ျအိုင်ဗွီ ရောဂါ ပြန့်ပွားမှုများအတွက် အမျိုးသမီးများကို ပညာ ပေးတဲ့အလုပ်ကို ဇောက်ချလုပ်ကိုင်နေတဲ့ ဒိုင်နီက အခု အလုပ်ကို သက်ဆုံးတိုင်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

ဒိုင်နီက အခု ကျွန်မ အသက်ရှင်နေပါတယ်။
ဒါဟာ အရမ်းကောင်းမွန်တဲ့ ခံစားမှု တစ်ခုပါ'' လို့

Enquirer နဲ့ အင်တာဗျူးမှာ

ချစ်သူကိုယုံကြည်မိပြီး သေမင်းနှုတ်ခမ်းဝက လက်မတင် လွတ်မြောက်ခဲ့တဲ့ အတွေ့
အကြုံတွေကို ဒိုင်နီက ဝေမျှခဲ့ပါတယ်။

Ref: National Enquirer
.
TheFlowerNews

No comments:

Post a Comment