Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 13, 2014

ဆီးရီးယား အတိုက်အခံလေ့ ကျင့်ရေး တူရကီ ခွင့်ပြု

ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ သုံးဖို့အတွက် အလယ်အလတ် သဘောထား ရှိတဲ့ ဆီးရီးယား အတိုက်အခံ တွေကို တူရကီ မြေမှာ လေ့ကျင့်ခွင့် ပြုဖို့ တူရကီက သဘောတူ လိုက်ကြောင်း အမေရိကန်က ပြောပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Susan Rice က အဲဒီ သဘော တူညီချက်ကို ကြေညာခဲ့တာ ဖြစ်ပြီး ဒါကို တူရကီ ဘက်ကတော့ အတည်ပြုချက် မထုတ်ပြန် သေးပါဘူး။
အလယ်အလတ် သဘောထား ရှိတဲ့ ဆီးရီးယား အတိုက်အခံတွေကို လေ့ကျင့်ပေးဖို့ ကိစ္စဟာ IS အဖွဲ့ကို နှိမ်နင်းဖို့ သမ္မတ အိုဘားမား ချမှတ်ထားတဲ့ မဟာဗျူဟာ ထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
ဒါ့အပြင် တူရကီ နိုင်ငံတွင်းက စစ် အခြေစိုက် စခန်းတွေကို အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေကို သုံးခွင့်ပေးဖို့ တူရကီက သဘောတူလိုက်တဲ့ အကြောင်းလည်း Susan Rice က ပြောခဲ့ပါတယ်။
အမေရိကန် အနေနဲ့ တူရကီ တောင်ပိုင်းမှာ ရှိတဲ့ Incirlik အင်ဂျလစ် လေတပ် အခြေစိုက် စခန်းကို အသုံးပြုခွင့် ရနိုင်ခြေ ရှိတယ်လို့ အီစတန်ဘူလ်က ဘီဘီစီ သတင်းထောက်က ပြောပေမယ့် ဒီကိစ္စကို ဆွေးနွေးဆဲ ဖြစ်ကြောင်း တူရကီ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ ကာ့ဒ် တပ်ဖွဲ့တွေကို စစ်ရေး အထောက်အကူ ပေးဖို့ တူရကီ နိုင်ငံက ခုချိန်ထိ တွန့်ဆုတ် နေခဲ့တဲ့ အကြောင်းရင်း တစိတ်တပိုင်း ကတော့ ကာ့ဒ် လူမျိုးတွေနဲ့ ကာလကြာရှည် ပြဿနာတွေ ဖြစ်နေခဲ့တာကြောင့် ဖြစ်ပါတယ်။
http://www.bbc.co.uk/burmese/world/2014/10/141013_turkey_us_syria_is

No comments:

Post a Comment