Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 17, 2014

ရင်သားပုံကြော်ငြာကြောင့် တရက်တည်း ယာဉ်တိုက်မှု ၅ဝဝ ဖြစ်??




  

 မော်စကိုမြို့ကြော်ငြာအေဂျင်စီတခုရဲ့ ဖန်တီးချက်က သူတို့ဆီမှာ အင်မတန်မှ သက်ရောက်မှု အားကြီးခဲ့တယ်လို့ ဆိုရမယ်။

ဖုံးကွယ်အပ်တဲ့အရာကို ဒီအတိုင်းထားရင် ဘာဖြစ်မလဲ ဆိုတာ ဒီအကြောင်းလေးက အဖြေပေးနေပါပြီ။

ဒီကြော်ငြာကြီး ငေးကြည့်မိတဲ့အတွက် ကားအချင်းချင်းတိုက်၊ အဆောက်အအုံတွေ ဝင်တိုက်တာတွေ ဖြစ်သွားတာ တရက်တည်းနဲ့ မတော်တဆမှုပေါင်း ငါးရာကျော်သွားတယ်လို့ ဆိုတယ်။

ကြော်ငြာကို တွေ့တာနဲ့ ပတ်ဝန်းကျင်ကို မမြင်နိုင်လောက်အောင် ဖြစ်သွားတာပေါ့။

ကုန်တင်ကား ၃ဝ မှာ ဒီကြော်ငြာတပ်ပြီး မြို့ထဲလွှတ်လိုက်တာ ဒီလောက်ပမာဏများတဲ့ မတော်တဆမှုဖြစ်သွားခြင်းပါ။
ယာဉ်မောင်းသူတွေက   ရင်သားကြီးကြီး ကြော်ငြာကြီးကြီးကို ငေးနေတုန်း ကိုယ့်ကားကို တခြားကားက ၀င်တိုက်၊ သို့မဟုတ် ကိုယ်က ၀င်တိုက်မိကြတာပါ။

ကြော်ငြာအေဂျင်စီကတော့ ဒါဟာ စမ်းသပ်မှုပါပဲ တဲ့။
ကုန်ကား ထရပ်ကားတွေမှာ ကြော်ငြာတပ်ဆင်ရင် ဘယ်လောက်အထိ သတိပြုမိကြမလဲ ဆိုတာကို သုတေသန လုပ်ကြည့်ခြင်းလို့ ဆိုတယ်။
ကားတွေမှာ ကြော်ငြာချိတ်ခြင်းဟာ ထိရောက်ကြောင်း လှုံ့ဆော်တဲ့သဘောလည်း ပါပါတယ်။

ဒီလုပ်ရပ်ကြောင့် ကန့်ကွက်ပြောဆိုမှုမျိုးစုံနဲ့ ကြုံနေရ၊ တချို့ကတော့ အေဂျင်စီကို တရားစွဲဖို့ ပြင်နေကြပါတယ်။

ပရိုမိုးရှင်းလုပ်မိတဲ့ အေဂျင်စီရဲ့ ပြောခွင့်ရ အရာရှိတဦးကတော့ ... ရင်သားကြီး ငေးကြည့်မိလို့ ယာဉ်တိုက်မှုဖြစ်တာမျိုးအတွက် အာမခံဌာနက မလျော်ပေးဘူးဆိုရင် သူတို့က လျော်ကြေးပေးပါမယ်လို့ ပြောပါတယ်။ 

တချို့သော ကြော်ငြာတွေက ဟာသ ရသကို ဖြစ်ပေါ်စေတယ်၊
တချို့ကတော့ ဆက်လက် တွေးတောအောင် အလုပ်ပေးတယ်။
မြန်မာပြည်က သွားတိုက်ဆေးကြော်ငြာတခုကို ဒီဘလော့ http://blog.irrawaddy.org/2011/11/blog-post_3409.html မှာ ဖော်ပြပြီးပါပြီ။
အဲဒါကတော့ ဆက်ပြီး အတွေးပွားစေတဲ့ ကြော်ငြာပါ။

တချို့သော လုပ်ငန်းတွေကတော့ လူတွေ စိတ်ဝင်စားလာအောင် ကြော်ငြာတာ တွေ့ဖူးမှာပါ။
ဆံသဆိုင်တခုကတော့ မြောက်ကိုရီးယား အာဏာရှင်ငချွတ်လေးရဲ့ပုံကို ဆိုင်ရှေ့ ကပ်ထားဖူးပါတယ်။
အဲဒီအကြောင်း http://blog.irrawaddy.org/2014/05/blog-post_2321.html မှာ ဖော်ပြထားတာ တချို့လည်း ဖတ်ပြီးဖြစ်မှာပါ။

ကြော်ငြာရတာ ငွေကုန်ကြေးကျ များပါတယ်။

လမ်းဆုံလမ်းခွ ဆိုင်းဘုတ်ကြီးကြီးတွေမှာ ကြော်ငြာချင်ရင် ငွေပိုကုန်ပါတယ်။

ဒါကြောင့် မော်စကိုမြို့ ကြော်ငြာအေဂျင်စီက ငွေကုန်သက်သာတဲ့ ထိရောက်မှုလည်းရှိတဲ့ နည်းလမ်းကို သုံးကြဖို့ ဆော်သြနေတာ ဖြစ်မယ်လို့ ယူဆရပါတယ်။

သို့သော်လည်း ရင်သားပုံကြော်ငြာကြောင့်  ယာဉ်တိုက်မှု အများအပြားဖြစ်သွားတယ်ဆိုတဲ့ Daily Mail ရဲ့ ဒီသတင်းကို အများအပြားက ပြန်လည် ကိုးကား ရေးသားနေကြတာကို အွန်လိုင်းမှာ တွေ့နေရပါတယ်။   

ဒီသတင်း ဘယ်လောက်ထိ မှန်ကန်မှု ရှိသလဲ ဆိုတာကတော့ 
Daily Mail ရဲ့ ထုံးစံအတိုင်း တိတိကျကျ မသိရပါ။ 

သတင်းမှားဖြစ်နိုင်သလို ဖြစ်ရပ်တခုကို ချဲ့ကားပြီးရေးထားတာလည်း ဖြစ်နိုင်ပါတယ်။
http://blog.irrawaddy.org/2014/10/blog-post_402.html

No comments:

Post a Comment