အရက်မူးလာပြီး အိမ်ကိုပြန်လာသည့် မောင်ဖြစ်သူက
အစ်မကို ဟင်းမကောင်းရကောင်းလားဟုဆိုကာ လည်ပင်း
ညှစ်ပြီး မောင်းချဓားဖြင့်ထိုးမည် လုပ်ရာမှ မောင်နှမချင်းလုံးထွေး
သတ်ပုတ်ရင်း မောင်ဖြစ်သူ ဓားဒဏ်ရာများဖြင့် သေဆုံးသွား
ခဲ့သော အမှုတစ်ခု အောက်တိုဘာ ၆ရက် နံနက် ၁နာရီခွဲ၌ ပဲခူး
တိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကြွယ်ဂံကျေးရွာအုပ်စု နလိန်
ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည်။
၎င်း ကျေးရွာနေ ထွန်းထွန်းနိုင် (၂၅)နှစ်သည်အခင်း
ဖြစ်ချိန်တွင် အရက်မူးကာ နေအိမ်ကိုပြန်ရောက်လာခဲ့ပြီး အစ်မ
ဖြစ်သူ မမူ(၃၂)နှစ်အား ဆဲဆို၍’ဘာဟင်းချက်လဲ’ဟုမေးရာ
မမူကကန်စွန်းရွက်ကြော်ထားကြောင်းပြောစဉ် ဟင်းမကောင်း
သဖြင့် အစ်မဖြစ်သူ မမူအားနင်တို့ဘာမှအသုံးမကျဘူးဟုဆိုကာ
လည်ပင်းကိုညှစ်ပြီး ခါးတွင်အသင့်ပါလာသော အရိုးအသွား
ခြောက်လက်မခန့်ရှိ မောင်းချဓားဖြင့်သတ်ပစ်မယ်ဟု ပြောဆို
ချိန်၌နှစ်ဦးသားလုံးထွေးကာ မောင်းချဓားကိုလုယူရင်း ထွန်းထွန်း
နိုင်၏ ၀ဲဘက်ရင်အုံအထက် စူးဝင်ဒဏ်ရာ၊ ၀ဲဘက် ရင်အုံ အောက်
စူးဝင်ဒဏ်ရာများရရှိကာ နေအိမ်လှေကားအတက်အဆင်းတွင်
လဲကျသေဆုံးခဲ့၍ မမူ (၃၂)နှစ်အား အုတ်တွင်းမြို့မရဲစခန်းမှ
(ပ)၃၀၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်
စစ်ဆေးလျက်ရှိသည်။
Credit: စံတော်ချိန်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 9, 2014
ကန်စွန်းကြော် ချက်ပေးသော အစ်မကို မောင်ဖြစ်သူက ဟင်းမကောင်းဟုဆိုကာ ဓားဖြင့်ထိုးမည်လုပ်စဉ် လုံးထိုးသတ်ပုတ်ရာမှ မောင်သေဆုံး
ကန်စွန်းကြော် ချက်ပေးသော အစ်မကို မောင်ဖြစ်သူက ဟင်းမကောင်းဟုဆိုကာ ဓားဖြင့်ထိုးမည်လုပ်စဉ် လုံးထိုးသတ်ပုတ်ရာမှ မောင်သေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 09, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment