Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 9, 2014

အုပ်စုဖွဲ့ မုဒိမ်းကျင့်သူ အာဖဂန် အမျိုးသား (၅)ဦးကို ကြိုးပေးသုတ်သင်

မုဒိမ်းကျင့်ခံရသူ အမျိုးသမီးတစ်ဦှး တရားရုံး၌ သက်သေထွက်ဆိုနေစဉ်
အမျိုးသမီး (၄)ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသား (၅)ဦးကို အာဖဂန်နစ္စတန် အကျဉ်းထောင် တစ်ခုတွင် ကြိုးဆွဲချ သုတ်သင်ခဲ့ကြောင်း သတင်းရရှိသည်။
အာဖဂန် နိုင်ငံတွင် ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခတ်စေခဲ့သည့် အဆိုပါ မုဒိမ်းမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များ အနေဖြင့် အမြင့်ဆုံးအဆင့် အရေးယူမှုမျိုး ပြုလုပ်ရန် ဖိအားများ ကြုံခဲ့ရသည်။ အဆိုပါ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူ (၅)ဦးကို ကဘူးလ်မြို့တော် အရှေ့ဘက်ရှိ ပူလ်အီချာခီ အကျဉ်းထောင်တွင် ကြိုးစင်တင် သုတ်သင်ခဲ့ကြောင်း အကျဉ်းထောင် တာဝန်ရှိသူများက ဆိုသည်။ ယင်းတို့အပြင် မုဒိမ်းမှုနှင့် မပတ်သက်သည့် သီးခြား တရားခံ တစ်ဦးကိုလည်း တစ်ပါတည်း သေဒဏ်ပေးခဲ့ကြောင်း သိရသည်။
တရားခံများသည် ကြိုးဒဏ်ချမှတ်ခါနီး နောက်ဆုံးမိနစ်ပိုင်းတွင် အယူခံဝင်ခဲ့သော်လည်း တာဝန်ရှိသူများက ပယ်ချခဲ့သည်။ အာဖဂန် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ ရာဇဝတ်ကောင်များ ဆက်လက် အသက်ရှင်နေပါက လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို မလုံမခြုံ ဖြစ်လာစေမည်ဟု အရေးဆိုခဲ့ကြသည်။ တရားခံများကို သေဒဏ်ချမှတ်ရန် အာဖဂန် နိုင်ငံသား အမြောက်အမြားက တောင်းဆိုခဲ့ကြသည်။
“တရားရုံး ဆုံးဖြတ်ချက်က အတည်ပါပဲ။ အောက်တိုဘာ (၈)ရက်မှာ တရားခံ အားလုံးကို သေဒဏ် ချမှတ်ခဲ့ပါတယ်။ ပက်ဂ်ဟမ်းမှာ ဖြစ်ခဲ့တဲ့ အမှုမှာ ပါဝင်သူ (၅)ဦးအပြင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပြန်ပေးဂိုဏ်းခေါင်းဆောင် ဟာဘစ်ဘ် အီစတယ်လီဖီကိုပါ ကြိုးစင်တင်ခဲ့ပါတယ်”ဟု ရှေ့နေချုပ်ရုံးမှ အတ္တမိုဟာမက် နိုရီက AFP သို့ ပြောကြားခဲ့သည်။
အာဖဂန်တွင် အမျိုးသမီးများအပေါ် အနိုင်အထက် ပြုကျင့် စော်ကားမှုများ ယခင်ကတည်းက ရှိခဲ့ဖူးသည့်တိုင် ဩဂုတ် (၂၃)ရက်က ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုလောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အာရုံစိုက်မိလာသော အခြေအနေမျိုး မပေါ်ပေါက်ခဲ့ချေ။ ကဘူးလ်မြို့ အနီးရှိ ပက်ဂ်ဟမ်းတွင် အမျိုးသမီး (၄)ဦးတို့သည် မင်္ဂလာပွဲ တစ်ခုမှ မိသားစုနှင့်အတူ ပြန်လာစဉ် မုဒိမ်းသမားများနှင့် ကြုံခဲ့သည်။ မုဒိမ်းသမားများအနက် အချို့သည် ရဲတပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ထားပြီး အမျိုးသမီးများနှင့် အတူပါလာသည့် အမျိုးသား အဖော်များကို ကြိုးဖြင့် တုပ်နှောင်ခဲ့သည်။ ထို့နောက် အမျိုးသမီးများကို ကားထဲမှ တရွတ်တိုက် ဆွဲထုတ်ကာ မုဒိမ်းကျင့်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ပြောင်ပြောင်တင်းတင်း ရာဇဝတ်မှုမျိုးသည် အာဖဂန် တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဦးဆောင်ကာ မုဒိမ်းမှု ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ပြုလုပ်လာခဲ့သည်။ တစ်ဖက်တွင် ယခုအမှုကို စစ်ဆေးရာ၌ အလျင်လိုမှုများ ရှိခဲ့ကြောင်း ထောက်ပြမှုများလည်း ထွက်ပေါ်နေပြီး သေဒဏ်ပေးခံရသူ တစ်ဦးက မိမိသည် အပြစ်ဝန်ခံအောင် နှိပ်စက်ညှင်းပန်း ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့် ကော်မရှင်က မုဒိမ်းမှုများအပေါ် ပိုမိုအာရုံစိုက် အရေးယူလာခြင်းကို ကြိုဆိုသော်လည်း ယခုကြိုးစင်တင် သတ်ဖြတ်မှုက သေဆုံးသူများအတွက်ရော၊ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ အတွက်ပါ မှန်ကန်သည့် တရားမျှတမှုမျိုး ဖြစ်မလာမည်ကို စိုးရိမ်ကြောင်း ကြေညာသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ယခု ကြိုးပေး စီရင်မှုသည် တရားမျှတမှုကို စော်ကားနေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ခဲ့သည်။
သေဒဏ်ပေးခံရသူ (၅)ဦးသည် အခြားသော အမျိုးသား (၂)ဦးနှင့်အတူ လက်နက်ကိုင် လုယက်မှုဖြင့် ကနဦး စွဲချက် တင်ခံရပြီး အဆိုပါ (၂)ဦးမှာ မုဒိမ်းမှုတွင် မပါဝင်ခဲ့ဟု ရဲများက ဆိုသည်။ ၎င်းတို့သည်လည်း သေဒဏ် ချမှတ်ခံရသည့်တိုင် နောက်ပိုင်းတွင် ထောင်ဒဏ် တစ်သက်အဖြစ် စီရင်ချက် ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။
_Ref: BBC
http://7daydaily.com/story/22422#.VDba9BaND2M

No comments:

Post a Comment